" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပန်ဆန်း. Show all posts
Showing posts with label ပန်ဆန်း. Show all posts

Thursday, December 10, 2020

တပ်မတော်နှင့် AA ပန်ဆန်းတွင် ဆွေးနွေး

ဧရာဝတီ

နန်းလွင်နှင်းပွင့်
10 December 2020

၂၀၁၆ ခုနှစ်က မိုင်ဂျာယန် တွင်ပြုလုပ်ခဲ့သော ညီလာခံသို့ တက်ရောက်ခဲ့သော AA အဖွဲ့များ / ဧရာဝတီ

တပ်မတော် နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ နှစ်ဖက် ကိုယ်စားလှယ်များသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် ဒီဇင်ဘာ ၉ ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြကြာင်း သတင်းရရှိသည်။

Tuesday, April 16, 2019

ဝငြိမ်းချမ်းရေးနှစ်ပတ်လည်ကိုလာတက်တဲ့ AA ဗိုလ်ချုပ် ဘာပြောသလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ဧပြီ ၁၆ ရက်



  ဝ လူမျိုးတွေလို အခွင့်အရေးပေးရင် ပြည်ထောင်စုကိုချစ်ခင်မှာပဲ၊ ရခိုင်လူမျိုးတွေ လွတ်မြောက်ရင် ဆိုရှယ်ဒီမိုကရေစီနဲ့ အုပ်ချုပ်မယ်၊ Welfare State ရခိုင်မှာ တည်ထောင်မယ် ဆိုတဲ့ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်
------------
လင့်၊ဝ ငြိမ်းချမ်းရေးနှစ်ပတ်လည်ကိုလာတက်တဲ့ AA ဗိုလ်ချုပ် ဘာပြောသလဲ

“ကျွန်တော်တို့မှာ ဝ ထက် မညံ့တဲ့ မျှော်မှန်းချက်တော့ ရှိတယ်”- ဗိုလ်ချုပ်ထွန်းမြတ်နိုင်

Frontier
MYANMAR
Tuesday, April 16, 2019


ဝ ပြည်နယ် ပန်ဆန်းမှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့်လို့ နာ မည်တပ် ထား တဲ့ ဝ ပြည်နယ် တည်ထောင်တဲ့နေ့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း စုံက ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။ အစိုးရဘက်က ကိုယ်စား လှယ်အနေနဲ့ ဦးသိန်းဇော်နဲ့ ဦးဇော်ဌေးတို့ တက် ရောက်လာပါတယ်။ ရခိုင်ပြည်နယ်မှာ လတ်တလော မြန် မာ့ တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ် နေ တဲ့ ရက္ခိုင့်တပ်မတော် (AA) က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်တို့လည်း တက်ရောက် လာတာ တွေ့ရပါတယ်။ ဝ ပြည်နယ်၊ ပန်ဆန်းမြို့ကို ရောက်ရှိနေ တဲ့ Frontier အကြီးတန်း သတင်းထောက် မြတ်ကျော်သူက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ဆုံ မေးမြန်း ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */