" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်တွေမြို့၊. Show all posts
Showing posts with label စစ်တွေမြို့၊. Show all posts

Wednesday, May 17, 2023

ကြိုတင်ရွှေ့ပြောင်းခွင့်မရလို့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံ လိုက် သေဆုံးရ

RFA
RFA Burmese
2023.05.17
မိုခါ မုန်တိုင်းကြောင့် ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်း ပျက်စီးမှုများအား ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နယ် တစ်ခုတည်းမှာ လက် ရှိအချိန်အထိ ရိုဟင်ဂျာ ၄၆၀ နီးပါး သေဆုံးခဲ့တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ သေဆုံးစာရင်းကို လက်တွေ့ကောက်ယူနေသူတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် စစ်တွေမြို့နယ်က ရိုဟင်ဂျာဒုက္ခသည်တွေ အခုလို အစုလိုက်အပြုံလိုက် သေဆုံးရတာဟာ လူ သားမဆန်စွာ နေထိုင်ရမှု၊ အသိပညာနည်းပါးမှုနဲ့ မုန်တိုင်းမဝင်ခင် လွတ်လပ်စွာ ကြိုတင်ရွှေ့ပြောင်းခွင့် မရတာတွေကြောင့်ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */