Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts
Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts

Wednesday, May 14, 2025

ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနား ဖမ်းဝရမ်းထုတ်မှုက အမှားအယွင်းလား

Mizzima
May 14, 2025
 

ဓာတ်ပုံ – ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်ကတည်းက စစ်တပ်၏အကျဉ်းချမှုကို ခံထားရသည်။ (Loviny Christophe/ABACA/picture alliance)

ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ နှစ်ရပ်လုံးက လွှတ်ပေးရေး တောင်းဆိုထားသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် နိုင်ငံရေးအကျဉ်းသားတဦးအား နိုင်ငံတကာဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် ရှားပါးဖြစ်စဉ်တရပ် ဖြစ်သည်။ သို့သော် ယခုနှစ် ဖေဖော်ဝါရီလတွင် ထိုဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ပြီး အာဂျင်တီးနားတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဝရမ်းထုတ်ခဲ့သည်။

Thursday, February 27, 2025

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းထုတ်ထားသည့်ကိစ္စ ပြန်သုံးသပ်ပေးရန် NLD တောင်းဆို

DVB
February 27, 2025 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့အပေါ် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့အမှုကိစ္စ ပြန်သုံးသပ်ပေးဖို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) က ဖေ ဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

Wednesday, February 19, 2025

အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်း NUG တုန့်ပြန်ချက်

VOA
အင်ကြင်းနိုင်
၁၉ ဖေဖော်ဝါရီ၊ ၂၀၂၅ 
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ (ယခင်ပုံဟောင်း)

 ဝါရှင်တန်ဒီစီ အာဂျင်တီးနားတရားရုံးရဲ့ နိုင်ငံတကာဖမ်းဝရမ်းမှာ ပါဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ နာမည်တွေကို ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်က လူနည်းစုရိုဟင်ဂျာတွေကို အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာနဲ့ စပ်လျဥ်းပြီးတော့ အာဂျင်တီးနားတရားရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်တပ်ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့လည်း ပါရှိနေတာပါ။

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်‌ကျော်တို့ကို ဖမ်းဝရမ်းထုတ်တရားစွဲဆိုမှု ရုပ်သိမ်းပေးဖို့ NUG တောင်းဆို,

BBC
၁၉ ဖေဖော်ဝါရီ ၂၀၂၅

                                                ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော် (ပုံဟောင်း)

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အာဂျင်တီးနားဖက်ဒရယ်တရားရုံးကထုတ်လိုက်တဲ့ ဖမ်းဝရမ်းစာရင်းထဲမှာ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်‌ ကျော်တို့ပါဝင်နေတာကြောင့် ဖမ်းဝရမ်းထုတ် တရားစွဲဆိုတာကနေရုပ်သိမ်းပေးဖို့ အမျိုးသားညီ ညွတ်‌‌ရေးအစိုးရ(NUG) က စာထုတ်တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ တရားစွဲခံရခြင်းက လွတ်နိုင်မလား

DMG
19 Feb 2025
 

မွတ်ဆလင် (ရိုဟင်ဂျာ) များကို လူလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ အာဂျင်တီးနား တရားရုံးက ဝရမ်းထုတ်ခဲ့သည့်အထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ ပါဝင်ခြင်းကို ဖယ်ရှားပေးရန် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန် တောင်းဆိုခဲ့သည်။

ပုံစာ - ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အား နေပြည်တော်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - AP

မွတ်ဆလင် (ရိုဟင်ဂျာ) များကို လူလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ အာဂျင်တီးနား တရားရုံးက ဝရမ်းထုတ်ခဲ့သည့်အထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ ပါဝင်ခြင်းကို ဖယ်ရှားပေးရန် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ဘာကြောင့် ဝရမ်းစာရင်းထဲပါနေလဲ (ရုပ်/သံ)

ဧရာဝတီ
19 February 2025
Video



ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်တဲ့ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ပါဝင်လာတာ တွေ့ရပါတယ်။

အာဂျင်တီးနားတရားရုံးရောက် ရိုဟင်ဂျာအမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

National Unity Government
Author: National Unity Government
February 18th, 2025 


၁။ ရိုဟင်ဂျာများအပေါ် နည်းလမ်းမျိုးစုံအသုံးပြု၍ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသာဖြစ်ပြီး အဆိုပါ ပြစ်မှုများနှင့် လျော်ညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပြန် လည်ရရှိ စေရေးအတွက် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုထောက်ခံပါသည်။

Tuesday, February 18, 2025

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးတုံးသတ်ဖြတ်မှု ဖမ်းဝရမ်းက ဖယ်ရှားပေးဖို့ NUG တောင်းဆို

RFA
RFA Burmese
2025.02.18
 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ) နှင့် သမ္မတဟောင်း ဦးထင်ကျော် (ဝဲ) တို့အား တွေ့ရစဉ်။ AFP & MYANMAR STATE COUNSELLOR OFFICE

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ် တရားစွဲဆိုထားတာကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

Tuesday, February 27, 2024

နိုင်ငံတော် အတိုင်ပင်ခံ၏ ဟိဂ် ခရီးစဉ်

ယောနသံ
by Hla Soewai -
Feb 27 2024

ယင်း နှင့် ပတ်သက်၍ မြန်မာ ပြည်သူ အများစု မှ ၎င်းတို့၏ ခေါင်းဆောင် အပေါ် အနောက်တိုင်း၏ ဝေဖန် ပြစ်တင်ခဲ့မှုများသည် မှားယွင်းစွာ သုံးသပ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားကြပြီး ဖြစ်သည်ဟု Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင်တွင် ဒဲရက် တွန်ကင် မှ မည်မျှအထိမှားယွင်း ခဲ့သည်ကို ယခုလို ထောက်ပြ ရေးသားသွားခဲ့သည်။

Wednesday, October 28, 2020

အားလုံးပါဝင်သည့်ရွေးကောက်ပွဲကျင်းပရေး ဒေါ်အောင် ဆန်းစုကြည်ကို အမေရိကန် ဖိအားပေး

မဇ္ဈိမ
By AFPအောက်တိုဘာ ၂၈

Photo - AFP
 

အမေရိကန်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အားလုံးခြုံငုံပါဝင်သည့် အေ ထွေ ထွရွေးကောက်ပွဲကျင်းပပေးရန် အောက်တိုဘာ ၂၇ က တိုက်တွန်း ပြောဆိုလိုက်ပြီး လူနည်းစု ရိုဟင်ဂျာ (မူရင်း) များ ပစ်ပယ်ခံရမှုအပေါ် စိုးရိမ်မိကြောင်း ထပ်မံပြောကြားခဲ့သည်။

Thursday, December 12, 2019

ဒေါ်အောင်ဆန်းစုကြည် ICJ မှာ လိမ်လည်ထွက်ဆို ကြောင်း ရိုဟင်ဂျာတွေစွပ်စွဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
December 12'2019
■ မြန်မာ့တပ်မတော်ဟာ မွတ်စလင်လူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင်၊ မုဒိမ်းမှု၊ မီးရှို့မှုတွေ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ICJ နိုင်ငံတကာတရားရုံးကို လိမ်လည် ထွက် ဆို ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက စွပ်စွဲပြောဆိုကြောင်း AP သတင်းက ဖော်ပြ ပါတယ်။

Thursday, November 14, 2019

ရိုဟင်ဂျာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ်ကို အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့်

DVB
By DVB
14 November 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဦးထင်ကျော်တို့ကို ယူကေအခြေစိုက် ရိုဟင်ဂျာအသင်းက အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်လိုက်ပါတယ်။

Thursday, October 24, 2019

ရခိုင်အရေး အကြမ်းဖက်လုပ်ရပ်ကိုပါ အလေးထားဖို့ အတိုင် ပင်ခံပုဂ္ဂိုလ် ထောက်ပြ

VOA
 ဗွီအိုအေ (မြန်မာဌာန)
ရဲမင်းထွန်း
24 အောက်တိုဘာ၊ 2019
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (Source - Myanmar State Counselor Office ) 

 နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေးမှာ အကြမ်းဖက်သမား အစုအဖွဲ့ တွေကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နိုင်ငံတကာ အသိုက်အဝန်းက အလေးပေး စဉ်းစားခြင်း မရှိလို့ စိတ်ပျက်မိကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာကိုလည်းသူ့အနေ နဲ့ နားလည်ကြောင်း ပြောပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဂျပန် ဧကရာဇ် Naruhito ရဲ့ ဘိ သိတ်ခံပွဲကို တက်ရောက်ပြီး တစ်ရက်အကြာမှာ The Nikkei Asian Review သတင်းဌာနနဲ့ တွေ့ဆုံ မေး မြန်းခန်းမှာ သူက ရခိုင်အရေးနဲ့အတူ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံခြား ဆက်ဆံရေး ကိစ္စ တွေ ကိုလည်း ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။

Tuesday, October 22, 2019

လူ့အခွင့်အရေးချိုးဖောက်မှုတွေ အရေးယူဖို့ မြန်မာကို ဂျပန် တိုက်တွန်း

လွတ်လပ်သောအာရှအသံ( RFA )
ဦးခင်မောင်စိုး
2019-10-21
ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၉ အောက်တိုဘာ ၂၁ ရက်နေ့က ဂျပန်နိုင်ငံတွင် တွေ့ဆုံကြစဉ်။
                                        
မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ် သက်ပြီး နိုင်ငံတကာ လွတ်လပ်သော စုံစမ်းရေးကော်မရှင်က ထောက်ခံတင်ပြထားတဲ့ အချက်တွေနဲ့ အညီ လို အပ်တဲ့ အရေးယူမှုတွေကို အမြန်ဆုံး လိုက်နာဆောင်ရွက်ပါလို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရှင်ဇို အဘေးက ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

Tuesday, August 27, 2019

သူ ဘာတွေ ဖြစ်သွားတာလဲ

The Voice
27-Aug-2019

 ယခုဆောင်းပါးမှာ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်က ဒုတိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ben Rhodes  ရေးသားသည့် What happened to Aung San Suu Kyi? ဟုအမည်ရသည့် ဆောင်းပါးကို The Voice Daily က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ The Atlantic မဂ္ဂဇင်းပါ အဆိုပါ ဆောင်းပါးမှာ အတော်အတန် ရှည်လျားသည်ဖြစ်ရာ အပိုင်းခွဲ၍ ဖော်ပြသွားမည် ဖြစ်ပါသည်။

Friday, June 14, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူး ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

မြန်မာ့အလင်းသတင်းစာ 
နေပြည်တော် ဇွန် ၁၃

မြန်မာ-အီးယူအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အိုင်ယာလန်နိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဥရောပသမဂ္ဂ၏ လူ့အခွင့် အရေး ဆိုင်ရာအထူးကိုယ်စားလှယ် မြ. နamသည Gငူာသမန အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင်နိုင်ငံခြားရေး ဝန် ကြီး ဌာန ၌ လက်ခံတွေ့ဆုံသည်။

Friday, May 17, 2019

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

မြန်မာ့အလင်း
နေပြည်တော် မေ ၁၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်း ဝန်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် H.E. Mr. Sanjay Mitra နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

Tuesday, April 2, 2019

ပျက်စီးလာသောဗလီများ မူလအတိုင်း ပြန်ပြင်ခွင့်ရှိ ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

The Nyang News
ဧပြီ (၂)၊ ၂၀၁၉၊ ရန်ကုန်
ဗလီများ ယိုယွင်းပျက်စီးလာခြင်းကြောင့် မူလအတိုင်း ပြန်လည်ပြင်ဆင်ခြင်းသည် လုပ်ပိုင်ခွင့်ရှိသည့် ကိစ္စ ဖြစ် ကြာင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပျက်စီးဗလီများပြင်ဆင်ရေး လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ဥပဒေအတိုင်းဖြစ်ရန် တာဝန်ယူမည်ဟုဒေါ်အောင် ဆန်းစုကြည် ဂတိပေး

Myanmar Muslim Media

ပျက်စီးဗလီများပြင်ဆင်ရေး လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ဥပဒေအတိုင်းဖြစ်ရန် တာဝန်ယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဂတိပေး ဟိန်းအောင် Myanmar Muslim Media ဧပြီ ၂၊ ၂၀၁၉ ပျက်စီးနေသည့် ဗလီဝတ်ကျောင်းများ...

Tuesday, March 26, 2019

AA ကို ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား မှု သိသင့်သိထိုက်၍ ထုတ်ပြန်ခြင်းဖြစ်ဟု တပ်မတော် ပြော

ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA)ကို ချေမှုန်းရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ခြင်းကို တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ခဲ့ခြင်းမှာ သိသင့်သိထိုက်၍ထုတ်ပြန် ပေးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မ တီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ က ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */