Showing posts with label ဦးကျော်တင့်ဆွေ. Show all posts
Showing posts with label ဦးကျော်တင့်ဆွေ. Show all posts

Friday, October 2, 2020

မြန်မာရဲ့ ကုလသမဂ္ဂမှာပြောဆိုချက် ရခိုင်၊ မွတ်စလင်နဲ့ ဟိန္ဒူခေါင်းဆောင်တွေ တုံ့ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
 မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-10-01
 နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နယူးယောက်မြို့ ကုလ သမဂ္ဂညီလာခံမှာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ၂ နိုင်ငံ သဘောတူညီချက်တွေကို လိုက်နာဖို့လိုကြောင်း၊ AA နဲ့ ARSA၂ ဖွဲ့လုံး ဘင်္ဂလား ဒေ့ရှ်မှာ ခိုလှုံနေကြောင်းနဲ့ ARSA အဖွဲ့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ဟန့်တားနေကြောင်း စသဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Wednesday, February 26, 2020

ကုလလူ့အခွင့်အရေးကောင်စီမှာ ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းပြော

VOA
 ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
26 ဖေဖော်ဝါရီ၊ 2020 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံ မှာ မိန့်ခွန်းပြော (Ministry of Foreign Affairs Myanmar)
မြန်မာ နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ် အရေး ယူဖို့ စိတ်ဆန္ဒရှိသလိုပဲ၊ အရေးယူနိုင်စွမ်းလည်း ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသ မဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောသွားပါတယ်။

Sunday, January 26, 2020

ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ



ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း ကျင်းပ
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည် ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ၌ တရားစွဲဆိုလျှောက်ထားမှု ကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကြားဖြတ် အစီအမံ ( Provisional Measures) ချမှတ်မည်ဟု သိရှိရသည်။

Thursday, January 23, 2020

နိုင်ငံတကာ တရားရုံးက ကြားဖြတ် ကြားဖြတ်စီမံဆောင် ရွက်မိန့်ချမချ ဒီကနေ့ဆုံးဖြတ်မည်


B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.23
                                                      အိုင်စီဂျေတရားသူကြီးအဖွဲ့

လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်း တိုင်ကြားထားတဲ့ အမှုမှာ ကြားဖြတ်စီမံ ဆောင်ရွက်ချက် အမိန့် ချမှတ်မလားဆိုတာကို ဒီကနေ့မှာ နိုင်ငံတကာ တရားရုံး ICJ က အမိန့်ချ ဆုံးဖြတ်ဖို့ ရှိပါတယ်။

Tuesday, January 21, 2020

မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်


B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.21
 မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်

အိုင်စီဂျေအဆုံးအဖြတ်ကို သိရဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံကို ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထွက်ခွာသွားပါပြီ။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော် တင့် ဆွေ က ဦးဆောင်ပြီး ဥပဒေအကြံ ပေးတွေနဲ့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ လိုက်ပါသွား တယ် လို့ နိုင်ငံခြားရေး ဌာနအဆင့်မြင့် အရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

Sunday, November 24, 2019

ICJ မှာ မြန်မာက ရင်ဆိုင်မယ့် အစီအစဉ်တွေက ဘာတွေလဲ

B B C 
ဘီဘီစီ မြန်မာပိုင်း
24 နိုဝင်ဘာ2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ တရားစွဲဆိုခံရတာနဲ့ ပတ်သက်တဲ့ အရေးကိစ္စ တွေကို ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ အစီစဉ်တွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ကထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်တယ်လို့ လည်းထုတ်ပြန်ပါတယ်။

Saturday, November 23, 2019

ကုလသမဂ္ဂ ICJ မှာ တရားစွဲ ခံရမှု ဘယ်လိုရင်ဆိုင်မလဲ၊ အစိုးရနဲ့ တပ်ခေါင်းဆောင်တွေ ဆွေးနွေး

B B C
ဘီဘီစီ မြန်မာပိုင်း 
23နိုဝင်္ဘာလ2019

ကုလသမဂ္ဂ ရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ သွားရောက် ရင်ဆိုင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာ နိုင်ငံတော် သမ္မတ အိမ်တော်မှာ အစိုးရ နဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင် တွေ တွေ့ဆုံ ဆွေး နွေး ခဲ့ပါတယ်။

Thursday, October 31, 2019

ဘက်မလိုက် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောစကားကို မြန်မာ ကန့်ကွက်

ဧရာဝတီ
 By ဧရာဝတီ
30 October 2019
ကော့စ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းတခုအတွင်း ရိက္ခာတန်းစီနေကြစဉ် / Reuter
 
ရခိုင်ပြည်နယ်ပြဿနာကို လူမျိုးစုသုတ်သင်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဘာကူးတွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု (NAM) ဝန်ကြီးအဆင့်အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြားခဲ့ခြင်း ကို နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ကန့်ကွက်လိုက်သည်။

Saturday, October 26, 2019

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ်သီးအ စည်းအဝေးဆိုင်ရာ ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေး အ စည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက် ရောက်မိန့်ခွန်း ပြောကြား

နိူင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုမြန်မာနိုင်ငံတော်
၂၅-၁၀-၂၀၁၉ ရက်၊ ဘာကူးမြို့
 အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ် သီးအစည်းအဝေးအကြို ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ၂၃-၁၀-၂၀၁၉ ရက်နေ့၌ မိန့်ခွန်း တစ် ရပ်ပြောကြားခဲ့ပြီး ယနေ့ ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ဘက်မလိုက်လှုပ် ရှားမှု အဖွဲ့၏ စည်း လုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ကြရန်နှင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း၏ ပြဿနာများကို နှစ် နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ဖြေရှင်းကြရန် လိုအပ်ကြောင်း အလေးပေးတိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင် ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂ လားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး၏ သုံးနှုန်းပြောကြားချက်ကို မြန်မာကန့်ကွက်

ELEVEN
26 October 2019
မင်းနိုင်စိုး
Politics
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေမှုကို တွေ့ရစဉ် (Photo: MOFA)

ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးသုဉ်းသတ် ဖြတ် ခြင်းဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ သုံးနှုန်းပြောကြားချက်အား ပြင်းပြင်းထန်ထန်ကန့် ကွက် ကြောင်း  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေး ဖိနှိပ်မှုပြဿနာတစ်ရပ်မဟုတ်ကြောင်း၊ ထို့ပြင် သတင်းမီဒီယာများ လွဲမှားစွာ ချဲ့ကားပုံ ဖော်နေကြသကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ်နေ ခြင်းလည်း မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

Monday, September 30, 2019

၀န်ကြီး ဦးကျော်တင့်ဆွေရဲ့ ကုလသမဂ္ဂ မိန့်ခွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ
30 September 2019

■ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေဟာ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံမှာ မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။ ဒုက္ခသည်ပြန်လည်ခေါ်ယူရေးလုပ်ငန်းတွေ အပါအဝင်လက် ရှိ မြန်မာနိုင်ငံဆောင်ရွက်နေတဲ့ အခန်းကဏ္ဍတွေအကြောင်း ပြောကြားခဲ့ပါတယ်။

(၇၄) ကြိမ်မြောက် ကုလအထွေထွေညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်း ပြောကြား

မြန်မာ့အလင်း
နေပြည်တော်
စက်တင်ဘာ ၂၉
(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ ပြည်ထောင် စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားသည်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ခိုင်မာစွာအမြစ် တွယ်စေဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အပြုသဘောနည်းလမ်းဖြင့် လက်တွဲဆောင် ရွက်သွားကြဖို့ဖိတ်ခေါ်။

Thursday, August 29, 2019

တရုတ်နဲ့ မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ ပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
29 သြဂုတ်၊ 2019
တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံဆွေးနွေး။ (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook)  
 
မြန်မာ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ သြဂုတ်လ ၂၇ အင်္ဂါနေ့က တ ရုတ် နိုင်ငံတော်ကောင်စီဝင်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမှာ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ၂ နိုင်ငံ ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ပါတယ်။

Thursday, June 13, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (၂၃)ကြိမ် မြောက် စိန့်ပီတာစဘတ်စီးပွားရေးဖိုရမ်သို့ တက် ရောက်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေး နွေး

မြန်မာ့အလင်း သတင်းစာ
၁၁ ရက် ဇွန်လ ၂၀၁၉

နေပြည်တော် ဇွန် ၁၀
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည် (၂၃) ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဇွန် ၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်။

Saturday, June 1, 2019

ဒုက္ခသည်ပြန်ပို့ရေး ဘင်္ဂလား မပူးပေါင်းဟု မြန်မာ ဝေဖန်

VOA
 ဗွီအိုအေ (မြန်မာပိုင်း) 
01 ဇွန်၊ 2019 

 ရိုဟင်ဂျာဒုက္ခသည်များ (သြဂုတ်၊ ၂၄၊ ၂၀၁၈)

  မြန်မာအစိုးရ ထိပ်တန်းဝန်ကြီးတဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြန်ပို့ရေးအတွက် မြန်မာအစိုးရဘက်က ကြိုးပမ်းခဲ့တဲ့အပေါ် ပူးပေါင်းဆောင်ရွက်ပေးမှု မရှိခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။

Friday, May 31, 2019

ဒုက္ခသည်ပြန်လာရေး ဘင်္ဂလားဒေ့ရှ်အစိုးရက အကူ အညီမပေးဘူးလို့ ဝန်ကြီးဦးကျော်တင့်ဆွေပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-31
                   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ် 
                                                                 Photo: Aung Thain Kha/RFA

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်အားလုံးကို မြန်မာအစိုးရက ပြန် လည်လက်ခံမှာဖြစ်ပြီး နေထိုင်ခွင့်လက်မှတ်တွေလည်း ထုတ်ပေးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင် ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */