DMG
ဒီဇင်ဘာ ၁၃ ၂၀၂၄
ANDF အဖွဲ့သည် လက်ရှိတွင် စစ်တွေတပ်နယ်ရှိ စစ်ကောင်စီလက်အောက်တွင် စစ်သင်တန်း တက်ရောက်လျက်ရှိကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် မွတ်ဆလင်အသိုင်းဝိုင်းမှ ဩဇာရှိသူတစ်ဦးက ပြောသည်။
လူမှုကွက်ယက်ပေါ် ပျံ့နှံနေသော ဗီဒီယိုတွင်တွေ့ရသော ANDF တပ်ဖွဲ့ဝင်များ။
ရခိုင်တွင် မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ရန်ဟုဆိုကာ Arakan National Defence Force – ANDF အမည်ပေးထားသည့် မွတ်ဆလင်လက် နက်ကိုင်တပ်ဖွဲ့ အသစ်တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဗီဒီယိုဖိုင်နှင့်တကွ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည်။