" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စိစစ်သုံးသပ်ချက်. Show all posts
Showing posts with label စိစစ်သုံးသပ်ချက်. Show all posts

Thursday, March 28, 2024

IIMM ၏ စိစစ်သုံးသပ်ချက် အစီရင်ခံစာများ ထုတ်ပြန်ခြင်း

United Nation
IIMM
ဂျီနီဗာ၊ မတ် ၂၇၊ ၂၀၂၄။ 

 

မြန်မာစစ်တပ်၏ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေသည့် လှုပ်ရှားမှု၊ မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးရန် ပျက် ကွက်မှုနှင့် သက်ဆိုင်သည့် အစီရင်ခံစာများ


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်

ဂျီနီဗာ၊ မတ် ၂၇၊ ၂၀၂၄။ ။မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် စိစစ်သုံးသပ်ချက် အစီရင်ခံစာနှစ်စောင်ကို အများပြည်သူဖတ်ရှုနိုင်ရန် ယနေ့ထုတ်ပြန်သည်။ ပထမအစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း မြန်မာစစ်တပ်၏ လျှို့ဝှက်ဖေ့စ်ဘုတ်ကွန်ရက်က ရိုဟင်ဂျာဆန့်ကျင်ရေးအမုန်း စကားများ စနစ်တကျဖြန့်ဝေခဲ့သည့်အကြောင်း အသေးစိတ်ဖော်ပြထားသည်။ ဒုတိယအစီရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများအပေါ် လိင်နှင့်ဂျင်ဒါအခြေပြုရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မြန်မာအာဏာပိုင်များ၏တုံ့ပြန်ဆောင်ရွက်ပုံများကို ဆန်းစစ်ထားသည်။ နိုင်ငံတကာဥပဒေအရ မြန်မာအာဏာပိုင်များသည် အဆိုပါကျူးလွန်မှုများကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးအရေးယူရမည့်တာဝန်ကို ပျက် ကွက်ခဲ့သည်ဟု အစီရင်ခံစာက ကောက်ချက်ချသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */