" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒုက္ခသည်စခမ်း. Show all posts
Showing posts with label ဒုက္ခသည်စခမ်း. Show all posts

Sunday, August 2, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း အိဒ်ပွဲတော် ကျင်းပ

VOA
ဗွီအိုအေ (မြန်မာဌာန)
02 သြဂုတ်၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုတုပလောင် ဒုက္ခသည်စခန်းရှိ ဗလီမှာ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ အိဒ်ပွဲတော် ဆုတောင်းပွဲအခမ်းအနား။ (သြဂုတ် ၂၂၊ ၂၀၁၈)


အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဘာသာရေး အိဒ်ပွဲတော်ကို ကိုဗစ်စည်းကမ်းချက်တွေ နဲ့အညီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကျင်းပပြီး ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေပေမယ့်လို့ ကမ္ဘာတဝန်းက အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေ ဟာ အထွတ်အမြတ်ပွဲတော်ဖြစ်တဲ့ အိဒ်ပွဲတော်ကို ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်တွေ ကြားကပဲ သြဂုတ်လ ၁ ရက်နေ့က ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့ကြတာပါ။ ရိုဟင်ဂျာမွတ်စလင်သိန်းချီ စုဝေးခို လှုံနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ရိုဟင်ဂျာ ဒုက္ခသည်စခန်း အသီးသီးမှာ လည်း အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော်ကျင်းပခွင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကမ့်ပ်အာဏာပိုင်တွေ ဘက်က ကိုဗစ်စည်းကမ်းချက် သတ်မှတ်ချက်တွေနဲ့အညီ ကျင်းပခွင့်ပြုခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေ က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

Thursday, December 5, 2019

ရိုဟင်ဂျာစခန်းတွေမှာ မတော်မတရားပြုကျင့်မှုတွေ တိုးပွား နေဟု ကုလ ပြောကြား

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-05

 ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာစခန်းတွေမှာ ဒုက္ခသည်တွေ မတန်တဆများပြား ကြပ်သိပ်နေပြီး လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတယ်လို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စခန်းတွေမှာ နေထိုင်လျှက်ရှိတဲ့ အမျိုးသမီးတွေကို ဗြိတိန်နိုင်ငံ အခြေစိုက် Oxfam ကယ်ဆယ်ရေး အသင်း ချုပ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ၂၅% ရာခိုင်နှုန်းက သူတို့ဘဝတွေ လုံခြုံမှုမရှိတဲ့အတွက် စိုးရိမ်ပူပန်နေ ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

Tuesday, December 3, 2019

ရိုဟင်ဂျာ ဒုက္ခသည်ကလေး လေးသိန်းဝန်းကျင် ပညာသင် ခွင့်ဆုံးရှုံးနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း
2019-12-03

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၉ ဒီဇင်ဘာ ၃ ရက်နေ့က လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW သတင်းစာရှင်းလင်းစဉ်
Photo: Pimuk Rak/RFA

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာ ကလေးငယ် လေးသိန်းလောက်ဟာ ပညာ သင်ယူခွင့် ပိတ်ပင်ခံထားရတာမို့၊ မျိုးဆက်တစ်ဆက်စာ ပညာရေးပြတ်လတ်မယ့်အန္တရာယ်ကို ရင်ဆိုင် နေရကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Monday, August 26, 2019

ရိုဟင်ဂျာ အစုလိုက်ပြေးရတဲ့ ၂ နှစ်ပြည့်ဆုတောင်းပွဲ ကျင်းပ

VOA
ဗွီအိုအေ (မြန်မာဌာန)
25 သြဂုတ်၊ 2019
မဆုမွန်
 ကုတုပလော် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)
ဒီကနေ့ ကျရောက်တဲ့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၂ နှစ်ပြည့် အောက်မေ့ ဘွယ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက် နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုတွေအတွင်း သေဆုံးခဲ့ရ သူတွေအတွက် ရိုဟင်ဂျာဒုက္ခသည်တွေ ထောင်ချီ စုဝေးခဲ့ကြပြီး မေတ္တာပို့ ဆုတောင်းခဲ့ကြသလို နေရပ်ရင်ြး ပန်နိုင်ရေးနဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် တရားမျှတမှုရရေး တောင်းဆိုလိုက်ကြပါတယ်။ ၂ နှစ်ပြည့် အောက် မေ့ဘွယ်ဆုတောင်းပွဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေကTalk to Us ဆိုတဲ့ Going Home Campaign ကနေ တ ဆင့် မိမိတို့ရဲ့နေရပ်ရင်း ဘေးကင်းလုံခြုံစိတ်ချစွာ ပြန်နိုင်ရေးနဲ့ နေရပ်ပြန်ရင် အခြေခံလူ့အခွင့်အရေး၊ နိုင်ငံ သားအခွင့်အရေးတွေ အပြည့်အဝ ရနိုင်အောင် ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေကိုလည်း တောင်းဆိုကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

Saturday, July 27, 2019

မြန်မာကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
27 ဇူလိုင်၊ 2019
မဆုမွန်
(သတင်းဓာတ်ပုံ - ဦးမောင်မောင် ရိုဟင်ဂျာဒုက္ခသည်)
မြန်မာနိုင်ငံက နေရပ်ရင်းတွေကို ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာရင် နိုင်ငံသားအခွင့်အရေးပေးပြီး လုံခြုံ
ရေး အာမခံချက်ပေးဖို့ အပါအဝင် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည် စခန်းကို ဒီကနေ့ ရောက်ရှိလာတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက တောင်းဆိုလိုက်ကြပါတယ်။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေ နေရပ်ပြန် လာနိုင်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြင့်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တာဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

Monday, July 15, 2019

မုတ်သုံမိုးကြောင့် သေဆုံးရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး ၁၀ ဦးရှိပြီ

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း)
15 ဇူလိုင်၊ 2019



ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဘက် နယ်စပ်မှာရှိနေတဲ့ လူဦးရေအလွန်ထူထပ်တဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်း တွေမှာ ဧပြီလကတည်းက မုတ်သုံမိုး ပြင်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူပေါင်း ၁၀ ဦးသေဆုံးပြီး တဲအိမ်ပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့ရတယ်လို့ တာဝန်ခံ အရာရှိတွေက မနေ့ တနင်္ဂနွေနေ့က ပြောပါတယ်။

Saturday, June 15, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဒုက္ခ သည်စခန်းများကို သွားရောက်ကြည့်ရှု

ဧရာဝတီ
By Muktadir Rashid
15 June 2019
တရုတ် သံအမတ်ကြီးသည် အာရကန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအသင်း (ARSPHR) ဥက္ကဋ္ဌ မိုဟစ် အူလာ အပါအဝင် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့သည် / Supplied  

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Zuo သည် အင်္ဂါနေ့က ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ကြည့်ရှုခဲ့သည်။

Monday, June 10, 2019

စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ အာဏာပိုင် များက အတင်းအဓမ္မ စစ်ဆေးလျက်ရှိ

အောင်ဇံဝေ
Jun 09, 2019
Rohingya Today


စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အုန်းတောကျယ် (ပလောင်ပြင်) ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ အာ ဏာပိုင်များ ဝင်ရောက်၍ အတင်းအဓမ္မ စစ်ဆေးလျက်ရှိသည်။

ဇွန်လ (၇) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ လ.ဝ.က၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊နယ်ခြား စောင့်ရဲတပ်ဖွဲ့၊ စ.ရ.ဖ နှင့် စစစ တို့ပါဝင်သည့် အာဏာပိုင်အဖွဲ့သည် စစ်တွေမြို့နယ်၊ အုန်းတောကျယ် (ပလောင်ပြင်) ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ ကား (၇) စီးဖြင့် ရောက်ရှိလာပြီး ဒုက္ခသည်စခန်း ကော်မတီဝင် များနှင့် တွေ့ဆုံခဲ့သည်။

Saturday, June 8, 2019

ဘင်္ဂလာဒေ့ရှ်ရဲ ပစ်ခတ်၍ ဒုက္ခသည် ပြန်ပေးသမား ၃ ဦး သေဆုံး

နိရဉ္စရာ
နိရဉ္စရာ၊ ဇွန်လ ၇ / ၂ဝ၁၉

ဘင်္ဂလာဒေ့ရှ် ရဲ၏ ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင် ဒုက္ခသည်နေထိုင်ရာ လေဒါစခန်းမှ ပြန်ပေးသမား ၃ ဦးသေဆုံးသွားကြောင်း ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် သတင်းဖော်ပြသည်။

သေဆုံးသွားသူ ၃ ဦးသည် ဒုစရိုက်လောကသမားများနှင့် အဆက်အသွယ်ရှိသူများ ဖြစ်ကြပြီး ဘင်္ဂလာရဲ တပ်ဖွဲ့မှ ပြန်ပေးဆွဲခံရသည့် တက်ကနက်မြို့နယ် လေဒါ ဒုက္ခသည် စခန်းမှ ကလေးငယ်ကို ကယ်တင်ရန် ပြုလုပ်သည့် ရဲတပ်ဖွဲ့ စစ်ဆင်ရေး တစ်ခုတွင် ရဲက ပစ်ခတ်၍ ၎င်းတို့ ၃ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

Saturday, May 25, 2019

ရိုဟင်ဂျာဒုက္ခသည်စခန်း ရေရှားပါးမှုရောဂါကူးစက်နိုင်

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ငံတကာ၊ မဆုမွန်
25 မေ၊ 2019

ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး (နိုဝင်ဘာ၊ ၁၅၊ ၂၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ သိန်းချီ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးပေါ်ရေရှားပါး ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့အတွက် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ ကုလသမဂ္ဂနဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်အရေး ကူညီပေးနေသူတွေက အရေးတကြီးလိုအပ်နေတဲ့ ရေပြဿနာကို ပြေလည်အောင် နည်းမျိုးစုံနဲ့ ဖြေရှင်းပေးနေပေမဲ့လို့ ဒုက္ခသည်တွေအတွက် လုံလောက်တဲ့ ရံပုံငွေ မရရှိပဲ ဖြစ်နေပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

Thursday, March 28, 2019

နော်ဝေဝန်ကြီး စစ်တွေသို့ သွားရောက်မှု မြင်ကွင်းများ

မဇ္ဈိမ သတင်းဌာန
မတ်လ ၂၈ ရက် ၂၀၁၉

နော်ဝေနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein က မတ် ၂၇ ရက် က ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ခဲ့စဉ်။ဓာတ်ပုံ-ညွန့်ဝင်း/အီးပီအေ စစ်တွေမြို့ဆေးရုံကြီးနှင့် အောင်မင်္ဂလာရပ်ကွက်သို့သွားရောက်ပြီး ကျောင်းနှင့်ဆေးပေးခန်းသို့ လေ့လာခဲ့သည်။ ထို့နောက်  IDP သဲချောင်းစခန်းတို့ကို သွားရောက်ခဲ့ပြီးနောက် သဲချောင်းရွာအတွင်းမှ ရခိုင်၊ မရမာကြီးနှင့်ဘင်္ဂါလီလူမျိုး အချို့အား တွေ့ဆုံခဲ့သည်။




Saturday, March 23, 2019

သတင်းပေးလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ရိုဟင်ဂျာတချို့ ကို အာဆာ ဖမ်းဆီးခဲ့။

B  B  C
ဘီဘီစီ မြန်မာပိုင်း
2019 မတ် 23 ရက်

 ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အာဆာဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခ သည် တွေ ခိုလှုံရာ ဘင်္ဂလားဒေ့ရှ်နယ်စပ် စခန်းတွေထဲက ဒုက္ခသည်တွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ေ ဆာင် တာ တွေ၊ ထိန်းသိမ်းတာတွေ၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်တာမျိုးတွေ လုပ်နေတယ်လို့ Fortify Rights လူ့အ ခွင့်အရေး ဆိုင်ရာအဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါ တယ်။ 

Saturday, March 9, 2019

ရိုဟင်ဂျာ ဒုက္ခသည် မိသားစုတွေကို ငွေသားပေးမည် ဆိုတဲ့သတင်း တရုတ်ငြင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
09 မတ်၊ 2019

ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး Anu သူသား Mohammad Anas ကို ချီထားပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Cox's Bazar အနီး Balukhali ဒုက္ခသည် စခန်းက သူတို့တဲအပြင်ဘက်မှာ ထိုင်နေပုံ (နိုဝင်ဘာ၊ ၁၇၊ ၂၀၁၈)

ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ရင် မိသားစုတခုကို တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀၀ ပေး မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မဟုတ်မှန်ကြောင်း တရုတ်နိုင်ငံဘက် ငြင်းဆိုလိုက်ပါတယ်။

Wednesday, October 31, 2018

( 31.10.2018 ) မြန်မာအစိုးရတာဝန်ရှိသူများ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံ


ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒီကနေ့ သွားရောက်ပြီး ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ရှင်းလင်းပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ကို ရိုဟင်ဂျာ အဖြစ် အသိ အမှတ်ပြုရေးနဲ့ နိုင်ငံသား ဖြစ်ရေး အပါအ၀င် စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ တချိန်တည်းမှာဘဲ ဌာနေပြန်ရေး အတွက် ဒုက္ခသည်တွေကြားမှာ အကြီးအကျယ် စိုးရိမ်ချက် ရှိနေတယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲ တဦးက သတိပေးလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */