" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဟစ်စိန် ဘရာဟင် တာဟာ. Show all posts
Showing posts with label ဟစ်စိန် ဘရာဟင် တာဟာ. Show all posts

Tuesday, May 30, 2023

ရိုဟင်ဂျာများ နေရာပြန်လည်ချထားရေး စီစဉ်နေစဉ် ဘင်္ဂ လားဒေ့ရှ်သို့ OIC အကြီးအကဲ လာရောက်

မဇျ္စိမ
AA.com
30 May 2023

ဖိနှိပ်ခံ အသိုင်းအဝိုင်း၏ နေရေးထိုင်ရေး အခြေအနေများအား အကဲဖြတ်ရန် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းနယ်စပ် ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများဆီ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း OIC ၏ အကြီးအကဲက တနင်္လာနေ့တွင် လာရောက်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး အစ္စလာမ္မစ်အဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ် ဟစ်စိန် ဘရာဟင် တာဟာသည် ကော့ဘဇားရှိ အူခီ ယာစခန်းမှ ရိုဟင်ဂျာဒုက္ခသည်များနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး OIC အနေဖြင့် ဖိနှိပ်ခံ ရိုဟင်ဂျာများ၏ အကျိုးစီးပွားကို ကာကွယ်ရေးတွင် အမြဲတမ်း တက်ကြွမှုရှိကြောင်း ပြောဆိုသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */