" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရှမ်း. Show all posts
Showing posts with label ရှမ်း. Show all posts

Friday, October 16, 2020

ရခိုင်နဲ့ ရှမ်း (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက် ပွဲ ဖျက်သိမ်း

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
2020-10-16
၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲရလဒ်ရေတွက်စဉ်။
Photo: AFP


ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ်‌ ခြောက် ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက် တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကတော့... ရခိုင်ပြည်နယ်မှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ aတာင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး စတဲ့ မြို့နယ် ၉ မြို့နယ်လုံးနဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်က ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု ၄ ခု၊ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၅၂ ခု ဖြစ် ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */