" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရုပ်အလောင်း. Show all posts
Showing posts with label ရုပ်အလောင်း. Show all posts

Wednesday, March 13, 2024

ရိုဟင်ဂျာ ၉၇ ဦး ရုပ်အလောင်းတွေ လာသယ်ဖို့ ဒုက္ခသည်စခန်းတွေကို စစ်ကောင်စီ အကြောင်းကြား

RFA
RFA Burmese
2024.03.13
 

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများကို ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်နားက တိုက်ပွဲမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၉၇ ဦး အလောင်းတွေ သယ်ယူဖို့ စစ်တွေမြို့ပေါ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို စစ်ကောင်စီက မတ်လ ၁၃ ရက်နေ့မှာ အကြောင်းကြားတယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

Monday, December 5, 2022

လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာ ၁၃ ဦး ရုပ်အလောင်းတွေ့

RFA
RFA Burmese
2022.12.05

ရန်ကုန်တိုင်း၊ လှည်းကူးမြို့အဝင် တစ်နေရာကို တွေ့ရစဉ်။ 


ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားအုပ်စု ငွေနံ့သာကျေးရွာ အမှတ် ၇ ကားလမ်းမဘေး အမှိုက်ပုံမှာ ရိုဟင် ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၅ ရက် ဒီမနက် ၃ နာရီ ဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၇ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

ဒီရွာကတော့မဟုတ်ဘူး။ လူတွေကတော့ ရိုဟင်ဂျာတွေလို့ ထင်တာပဲ။ မနေ့ကလည်း လှည်းကူးမှာ အယောက် ၇၀ ကျော် မိတယ်ကြားတော့လေ”

မနက်အစော ဈေးရောင်းထွက်ရင်း ရိုဟင်ဂျာရုပ်အလောင်းတွေကို တွေ့ရှိခဲ့တဲ့ အမျိုးသမီး တချို့ကိုလည်း စစ် ကောင် စီတပ်သားတွေက ခေါ်ယူစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */