15 နိုဝင်ဘာ၊ 2019
သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို
မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆို တဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက
ကမကထပြုပြီး ကုလသမဂ္ဂရဲ့ ပင်မ တရားရေးအဖွဲ့ကြီးဖြစ်တဲ့ ICJ - နိုင်ငံ တကာ
တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး
မြန်မာနိုင်ငံဘက်က ဥပဒေအကြာင်း အရ သင့်တော်သလို တုံ့ပြန်သွားမယ်လို့
ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအရေး စတင်စုံစမ်းဖို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ခွင့်ပြုလိုက်တဲ့ ကိစ္စနဲ့ပတ် သက်လို့ တော့ မြန်မာနိုင်ငံဟာ ICC ဖွဲ့စည်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက်ပူးပေါင်းဆောင် ရွက်မှာ မဟုတ်ဘူးလို့ တုန့်ပြန် လိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက် မေခကစုစည်း တင်ပြ ထားပါတယ်။