" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အာဆီယံ. Show all posts
Showing posts with label အာဆီယံ. Show all posts

Thursday, October 22, 2020

ရခိုင်ပြဿနာပြေလည်ရေး အာဆီယံ နဲ့ ပူးပေါင်းဆောင် ရွက်ရန် ကုလအဆင်သင်

VOA

ဗွီအိုအေ (မြန်မာပိုင်း)
22 အောက်တိုဘာ၊ 2020

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

အာဆီယံ- ကုလသမဂ္ဂ ၀န်ကြီးများအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အောက်တိုဘာ ၂၁ ရက် နေ့စွဲနဲ့ သ၀ဏ်လွှာတစောင်ပေးပို့လိုက်ပါတယ်။

အဲဒီသ၀ဏ်လွှာထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နဲ့ တခြားနေရာတချိုက ရိုဟင်ဂျာ နဲ့ တခြားလူမှု အသိုင်းအ ၀ိုင်းတွေ အိုးအိမ်စွန့် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဆိုးရွားတဲ့ ဒုက္ခတွေရင်ဆိုင်နေရဆဲ ဖြစ်နေတဲ့အတွက် ပြဿနာရဲ့ ကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းဖို့ အပူတပြင်းလိုအပ်နေတယ် လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကဆိုပါတယ်။ ဒုက္ခသည်တွေ လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိ သူတို့ဆန္ဒအလျောက် ပြန်သွားနိုင်မယ့် အခြေအေ နတွေ ဖန်တီးပေးဖို့လိုအပ်တယ်လို့ လဲဆိုပါတယ်။

Monday, March 9, 2020

မိဘမဲ့ဖြစ်သွားတဲ့ ရိုဟင်ဂျာကလေးပေါင်း ၄၃၀၀၀ ကျော်တယ်လို့ အာဆီယံအမတ်အဖွဲ့ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-03-08

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေထဲမှာ ကလေးပေါင်း ၄ သောင်း ၃ ထောင်လောက် မိဘမဲ့တွေ၊ မိတကွဲ ဖတကွဲတွေဖြစ်နေတာတွေ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က ပြောလိုက်ပါတယ်။

Sunday, November 3, 2019

အာဆီယံကုန်သွယ်ဆွေးနွေးပွဲမှာ အိန္ဒိယကစိုးရိမ်ပေမယ့် သြစီက အကောင်းမြင်နေ

SBS မြန်မာ
03 November 2019
ASEAN leaders shake hands during the opening ceremony of the 35th Association of Southeast Asian Nations (ASEAN) Summit in Bangkok. Source: AFP

အရှေ့တောင်အာရှ အသင်းဝင် နိုင်ငံတွေနဲ့ တချို့နိုင်ငံတွေ စုဝေကြတဲ့ စီးပွားရေးဆိုင်ရာ ညီလာခံ Regional Comprehensive Economic Partnership (RCEP)နဲ့ ပတ်သက်ပြီး အမြင်တွေ ကွဲပြားနေကြပါတယ်။

အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ကတော့ ဒီဆွေးနွေးညှိနှိုင်းချက်ကို အပြီး သတ်နိုင်အောင် ဒီနှစ်အတွင်း ဆက်လက်လုပ်ဆောင်နိုင်ရင် စီးပွားရေး ဖွံ့ဖြိုးမှု၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံ ရေးတွေ ပိုကောင်းလာနိုင်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

Thursday, March 28, 2019

ရိုဟင်ဂျာအရေး အဖြေရှာဖို့ မလေးရှားမှာ ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
မအင်ကြင်းနိုင်

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးစု အလိုက် ရှင်းလင်း  ဖယ် ရှားမှု အထိ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေ အဆုံးသတ်စေရေး ကျူးလွန်ခဲ့သူတွေကို ICC ၊ ICJ နိုင်ငံတကာ တရားရုံးတွေကနေ ကိုင်တွယ် အဖြေရှာသင့်ကြောင်း မလေးရှား နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာ အရေး နိုင်ငံတကာ ဆွေးနွေးပွဲက တိုက်တွန်းခဲ့ပါတယ်။ မတ်လ ၂၅ - ၂၆ ရက်ထိ မလေးရှားမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကိုတော့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Saifuddin Abdullah နဲ့ မလေးရှား နိုင်ငံခြားရေး ၀န် ကြီးဟောင်း Syed Hamid Syed Jaafar Albar တို့ တက်ရောက်ခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့် အစုံ တင်ပြမှာပါ။

Thursday, March 14, 2019

ရခိုင်ပြည်နယ်ပြဿနာပြေလည်ရေး အာဆီယံဥက္ကဋ္ဌ က ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-14
 ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၉ မတ်လ ၈ ရက်နေ့က တွေ့ဆုံစဉ်


အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်း ဟာ အခုလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုသွားခဲ့ပြီး၊ ရိုဟင်ဂျာတွေပြန်ခေါ်နိုင်မယ့်ကိစ္စ အပါအဝင် နှစ်နိုင်ငံစီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက မနေ့ကထုတ်ပြန်လိုက်ပါတယ်။

Wednesday, February 27, 2019

ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေး အီးယူ နဲ့ အာဆီယံ ကုလမှာ တိုက်တွန်း


VOA
ဗွီအိုအေ (မြန်မာဌာန)
ဒေါ်ခင်မျိုးသက်၊ 27 ဖေဖော်ဝါရီ၊ 2019

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Lestari Priansari Marsudi

အီးယူ ဥရောပသမဂ္ဂက OIC နဲ့ မနှစ်ကပူးတွဲ တင်သွင်းခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အဆိုပြုချက်ကို ဒီနှစ်ထပ်မံတင်သွင်းရာမှာ ထောက်ခံမှုပေးကြဖို့ ဖေဖေါ်ဝါရီလ ၂၆ ရက် အင်္ဂါနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ အကြိမ် ၄၀ မြောက် ပုံမှန် အစည်းဝေးမှာ ပန်ကြားခဲ့ပါတယ်။ တချိန်ထဲမှာပဲ အာဆီ ယံအဖွဲ့ဝင် နိုင်ငံတချို့ကလည်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည် တွ သူတို့ ဆန္ဒအလျှောက် သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာ ဌာနေပြန်ရေးအတွက် ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */