Showing posts with label ရိုဟင်ဂျာ. Show all posts
Showing posts with label ရိုဟင်ဂျာ. Show all posts

Thursday, December 30, 2021

ရိုဟင်ဂျာ ရာကျော်ကို အင်ဒို ကမ်းတက်ခွင့် ပြုဖို့ ဆုံးဖြတ်

BBC
ဘီဘီစီမြန်မာပိုင်း
29 ဒီဇင်ဘာ 2021

အင်ဒိုနီးရှားကို ဆိုက်လာခဲ့တဲ့ လှေပေါ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခိုလှုံခွင့် ပေးဖို့ ဆုံးဖြတ်လိုက်တယ် ဆိုပြီး အင်ဒိုနီးရှား အစိုးရက ထုတ်ပြန်ပါတယ်။

ဆုမတြား အနောက်ကျွန်း၊ အားချေး Aceh အထူးဒေသ၊ ဘာရွန်း ခရိုင်ထဲက ကမ်းရိုးတန်း တစ်နေရာမှာ ရိုဟင် ဂျာ ဒုက္ခသည် အယောက် ၁၂၀ ဝန်းကျင်ကို တင်ဆောင်လာတဲ့ လှေ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကနဦးတုန်းကတော့ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ ပေးပြီး နိုင်ငံတကာ ရေပိုင်နက်ထဲထိ အဲဒီ ဒုက္ခသည်လှေ ကို ပြန်လွှတ်မယ်လို့ ဒေသအာဏာပိုင်တွေက ပြောခဲ့တဲ့ အတွက် နိုင်ငံတကာ စိုးရိမ်မှုတွေ ပေါ်ထွက်လာစေ ပါတယ်။

Monday, June 7, 2021

NUG အစိုးရရဲ့ ရိုဟင်ဂျာ မူဝါဒသဘောထားအပေါ် ALP ပါတီ ကန့်ကွက်

ဇွန် ၇

အမျိုးသားညီညွတ်ရေး (NUG) အစိုးရရဲ့ ဇွန်လ (၃) ရက်နေ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာ မူဝါဒသဘောထားအပေါ် ကန့်ကွက်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရခိုပြည်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်မှာ ဖြစ်ပွားခဲ့တဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး သက်တမ်းနုနယ် သေးတဲ့ NUG အစိုးရအနေနဲ့ အလျင်စလို မလုပ်ဆောင်သင့်တဲ့ အကြောင်းအရာဖြစ်တယ်လို့လည်း ALP ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

Tuesday, January 19, 2021

ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်
2021-01-18

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစု အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ လိုလားကြောင်း မလေးရှား နိုင်ငံရောက် ရခိုင်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းက အဖွဲ့အစည်းအချို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။

ဇန်နဝါရီလ ၁၈ ရက် မနေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများရဲ့ ထုတ်ပြန်ကြေညာချက် ဖတ်ကြားပွဲမှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက လူမျိုးစု ခေါင်း ဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံတမန်အသိုင်းအဝိုင်းက ပုဂ္ဂိုလ် အချို့ အပါအဝင် တက်ရောက်သူ ၁၀၀ကျော် ရှိခဲ့ပါတယ်။

Thursday, January 14, 2021

ရိုဟင်ဂျာနေအိမ်အလုံး ၅၅၀ ကျော် မီးလောင်ပျက်စီး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
စောဖိုးခွား
2021-01-14

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ၂၀၂၁ ဇန်နဝါရီ ၁၄ ရက်နေ့က မီးလောင်ပျက်စီးသွားသည့် နေအိမ်များ။
(Photo: UNHCR)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်းမှာ ဒီကနေ့ မနက် အစော ပိုင်းက မီးလောင်ခဲ့လို့ ရိုဟင်ဂျာဒုက္ခသည် နေအိမ်အလုံးပေါင်း ၅၅၀ ကျော်ပျက်စီးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ ကော့ဆက်ဘဇားခရိုင် တက်ခ်နက်မှာရှိတဲ့ နာရာပါရာ ဒုက္ခ သည် စခန်း အမှတ်(၅) ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၅ နာရီကျော်မှာ မီးငြိမ်းသတ်နိုင် ခဲ့ပါ တယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေဟာ ဘဝ သစ်အတွက် သက်စွန့်ဆံဖျားနဲ့ ပင်လယ်ရေကြောင်းခရီး

B B C

ဘီဘီစီ မြန်မာပိုင်း

2020 Jan 14



ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေဟာ ဘဝသစ်အတွက် သက်စွန့်ဆံဖျားနဲ့ ပင်လယ်ရေ ကြောင်း ခရီးနဲ့ မလေးရှားကိုသွားခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာသူတို့ ဘယ်လိုကြုံတွေ့ခဲ့ရသလဲ။ Source : BBC Facebook

Wednesday, December 30, 2020

ရိုဟင်ဂျာဒုက္ခသည် ဒုတိယအသုတ် Bhasan Char ကျွန်း ကိုရောက်ရှိ

 ကိုရိုနာ ဗိုင်းရပ်စ် မျိးဗီဇဖွဲ့ စည်းပုံ ဆင့်ကဲပြောင်းလဲလာတဲ့နေရာမှာ မူလဗိုင်းရပ်စ်ထက် ပိုပြီးအစွမ်းထက် လာတဲ့ သဘောတွေ့ရကြောင်း ယူကေရောက် မြန်မာသမားတော်တဦးကပြောကြားလိုက်တာနဲ့အတူ လွှတ်တော်သစ် မတိုင်ခင် ရခိုင်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပရေး အလားအလာရှိမရှိ၊ တရားမဝင်မြန်မာလုပ်သားတချို့ ထိုင်းအ လုပ်ရှင်တွေရဲ့ စွန့်ပစ်ခံရတဲ့ သတင်းပေးပို့ချက်၊ အင်္ဂါနေ့ည ဆွေးနွေးခန်း၊ ကမ္ဘာတလွှား ခရီးသွား စတဲ့ အစီအ စဉ်တွေကို နားဆင်ရမှာပါ။ 

Monday, December 28, 2020

နောက်ထပ်ရိုဟင်ဂျာ ၁၀၀၀ ကို ကျွန်းတစ်ကျွန်းဆီပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်နေ

SBS မြန်မာ
28.12.2020

Bangladesh is set to move a second batch of Rohingya refugees from neighbouring Myanmar to the remote island of Bhasan Char. Source: Anadolu


ဒီလ အစောပိုင်းတုန်းကပဲ ရိုဟင်ဂျာ အယောက်ပေါင်း ၁၆၀၀ ကို အဲဒီကျွန်းဆီပို့ဆောင်ခဲ့တာဖြစ်ပြီး နောက် ထပ် အယောက် ၁၀၀၀ ဝန်းကျင်ကို ရက်ပိုင်းအတွင်း ပို့ဆောင်ဖို့ ရှိတယ်လို့ တနင်္ဂနွေနေ့မှာပဲ အမည်မဖော် လိုတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေကို စစ်တကောင်းကို အရင်ပို့ဆောင်ပြီးမှ ဒီရေအတက်အကျအပေါ် မူတည်ပြီး Bhasan Char ကျွန်း ကို ပို့ဆောင်မယ်လို့ ပြောပါတယ်။

Sunday, December 6, 2020

ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို အငြင်းပွားကျွန်းဆီ ဘင်္ဂလား ဒေ့ရှ် ပို့ဆောင်

မဇ္ဈိမ
06 December 2020

 လူ တစ်သိန်းကို နေရာချထားပေးဖို့ စီစဉ်ထားတဲ့ မြေနိမ့်ကျွန်းဆီ ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို ပထမအသုတ် အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သောကြာနေ့မှာ ပို့ဆောင်ခဲ့ပါတယ်။

 သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/76286

တည်းဖြတ် - ဇော်မင်းထွေး 

Link : Here

Wednesday, November 25, 2020

ရိုဟင်ဂျာများကို နှိပ်စက်ညှင်းပမ်းရာမှာ တယ်လီနော ပါဝင် ပတ်သက်မှုစုံစမ်းဖို့ OECD လုပ်သင့်တယ်လို့ဆို

KALADAN PRESS NETWORK
BY KALADANPRESS
NOVEMBER 25, 2020

မြန်မာ အစိုးရ စစ်တပ် က ရခိုင်ပြည်နယ်မှာ ၂၀၁၆ နှင့် ၂၀၁၇ က ပြုလုပ်ခဲ့တဲ့ ရက်စက်ကြမ်းတမ်းတဲ့ “ရှင်းလင်း ရေး” စစ်ဆင်မှုမှာ နော်ဝေး အစိုးရပိုင် တယ်လီနော ကုမ္ပဏီရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာရှိ တာဝါတိုင် အဆောက်အဦးနဲ့ ပတ်သက်ပြီး OECD (Organization of Economic Cooperation and Development) ရဲ့ စည်းမျဉ်းကို ချိုးဖေါက်မှုရှိမရှိ တရားဝင်စုံစမ်းစစ်ဆေးရန် နော်ဝေးရှိ OECD ဆက်သွယ်ရေးရုံး က ထုတ်ပြန် လိုက်ပါသည်။ 

                                      အလယ်သံကျော်ရှိ တ.်လီနော် တာဝါတိုင်


၂၀၁၇ ခု သြဂုတ်လ နောက်ဆုံးပတ်အတွင်း အလယ်သံကျော်ကျေးရွာ မှ ထွက်ပြေးခဲ့သော ရိုဟင်ဂျာယောက် ကျား၊ မိန်းမ၊ ခလေးသူငယ်တွေကို အစိုးရလုံခြုံရေးတပ်တွေက ၎င်းဒေသရှိတယ်လီနော်ဓါတ်အားတိုင် ပေါ် မှ တက်ပြီး ပစ်ခတ်သတ်ဖြတ်ကြောင်း အလယ်သန်ကျော်ရွာမှ ရိုဟင်ဂျာတို့က တိုင်ကြခဲ့သည်။ အမြင့်ပိုင်းမှာရှိ တဲ့ တာဝါတိုင်အုတ်ခုံပေါ်က အစိုးရ စစ်တပ်တို့အတွက် အဝေးကို လှမ်းမြင်နိုင်ပြီး ပြေးလွှားနေတဲ့ ရိုဟင်ဂျာရွာ သားတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ နှင့် ခြိမ်းခြောက်ဖို့ အတွက် နေရာလည်းဖြစ်ခဲ့သည်ဟု ရွာသားများ က ပြော ဆိုသည်။

စစ်ဆင်ရေးအချိန်ကာလာတွင် အသတ်ခံရသည့် အလယ်သံကျော်ကျေးရွာသား တရာလောက်လည်း တယ် လီနော တာဝါတိုင် အောက်မှာ ပုံထားတယ်လို့ လည်း ဆိုကြကြောင်းသိရှိရသည်။ဒီရက်စက်မှုအောက်မှ  လွတ်မြောက်လာသူများ၊ ယခု ဘင်ဂါလားဒေးရှ် ရှိ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတွင် ရောက်ရှိနေေ သာ သူတွေက “အလယ်သံကျော် အတွက် အမှုမှန်ပေါ်ဆောင်ရေး ကော်မီတီ” မှတဆင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လတွင် OECD ကို တိုင်တန်းခဲ့သည်။ အချိန်တွေ အတော်ကြာ ဆက်စပ်စုံစမ်းစစ်ဆေးပြီးနောက် နော်ဝေး OECD ဆက်သွယ်ရေးရုံးက ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ အမှုကိုလက်ခံ လိုက်ကြောင်းသိရှိ ရသည်။

Wednesday, November 18, 2020

မြန်မာရွေးကောက်ပွဲလွန် ရိုဟင်ဂျာတို့တောင်းဆိုချက် OIC မှာတင်သွင်း

VOA

ဗွီအိုအေ (မြန်မာဌာန)

မဆုမွန်
18 နိုဝင်ဘာ၊ 2020 

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လက်ရှိအာဏာရပါတီ NLD ကို ICJ နိုင်ငံတကာခုံရုံးရဲ့ ကြားဖြတ် ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်နိုင်ရေး OIC နဲ့နိုင်ငံတကာက တိုက်တွန်းတောင်းဆိုကြဖို့-နောက်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ လက်ရှိမြေပြင် စစ်ရေးအခြေအနေတွေနဲ့ ရိုဟင်ဂျာတို့အရေး- Arakan Rohingya Union အဖွဲ့က OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကို ဒီသီတင်းပတ်ထဲမှာပဲ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။ OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဒီအစီရင်ခံစာ ကနေ အဓိက ဘာတွေ တိုက်တွန်းတောင်းဆိုထားပါသလဲဆိုတာ အမေရိကန်ပြည်ထောင်စု အခြေစိုက် Arakan Rohingya Union အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာဝါကာအူဒင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက် သွယ်မေးမြန်းထားပါတယ်။

Saturday, October 10, 2020

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ထိန်းသိမ်းရေးစခန်းများ ဖျက် သိမ်းရန် HRW တောင်းဆို

မဇ္ဈိမ
Friday, October 09, 2020

ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ကျောက်တစ်လုံးစခန်းတွင် မွတ်ဆလင်အမျိုးသမီးတစ်ဦး သူ၏တဲတွင် ထမင်းချက်နေသည်ကို အောက်တိုဘာ ၃ ရက်၊ ၂၀၁၉ ခုနှစ်က ရိုက်ကူးထားခဲ့သော ဓါတ်ပုံဖြစ်သည်။ (ဓါတ်ပုံ- အေအက်ဖ်ပီ)

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၁၃၀,၀၀၀ ခန့်ကို ထိန်းသိမ်းထားရှိသည့် နေချင်စဖွယ်မကောင်းသော ခိုလှုံရေး စခန်းများကို ရုတ်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆို လိုက် သည်။

ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးများကြောင့် ၂၀၁၂ ခုနှစ်ကစပြီး နေရပ်စွန့်ခွာကာ ထိန်းသိမ်းရေး စ ခန်း တွင် ပိတ်မိနေသည့် ရိုဟင်ဂျာ နှင့် ကမန်မွတ်စလင် ထောင်ပေါင်းများစွာရှိနေသည်ဟု HRW ၏ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်သည့် စာမျက်နှာ ၁၆၉ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထား သည်။

Saturday, November 23, 2019

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမွတ်စလင်များကို တိုက်ခိုက်ရန် နိုင်ငံတော် မူဝါဒရှိနေမည်ကို ICC စိုးရိမ်

ELEVEN
23 NOVEMBER 2019
REF: THE DAILY STAR

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစွဲဆိုရေးအကြီးအကဲ ဖာတူးဘင်ဆူဒါက မြန်မာနိုင်င အနေဖြင့် ရခိုင် ပြည် နယ်ရှိ လူနည်းစုအုပ်စုဖြစ်သော ရိုဟင်ဂျာဟု မွတ်စလင်များအား တိုက်ခိုက်ရန် နိုင်ငံ တော် မူဝါဒရှိနေ မည် ကို ICC တရားသူကြီးများက စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“ ရိုဟင်ဂျာအုပ်စုကို တိုက်ခိုက်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံတော်မူဝါဒတစ်ရပ် ရှိထားနိုင်တယ်လို့ ယုံကြည်ရ လောက်တဲ့ အခြေ ခံ အကြောင်းတရားတစ်ရပ် ရှိနေတာကို တရားသူကြီးတွေက လက်ခံကြပါတယ်” ဟု ဘင်ဆူဒါက နိုဝင်ဘာ ၂၂ ရက် တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ပြောကြားထားသည်။

Monday, October 21, 2019

ရေကြီးမှု ဖြစ်နိုင်ခြေများတဲ့ကျွန်းကို ပြောင်းရွှေ့ဖို့ ရိုဟင်ဂျာ ထောင်နဲ့ချီ သဘောတူလို့ဆို

SBS
21 October 2019
An October 15, 2018 photo showing a structure constructed on Bhashan Char island as it is being prepared for the relocation of Rohingya refugees Source: Getty


ဘင်္ဂလားဒေ့ရှိနိုင်ငံမှာ ရောက်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဘင်္ဂလားပင်လယ်အော် မှာ ရှိတဲ့ ကျွန်းတစ်ကျွန်းဆီကို ပြောင်းရွှေ့နေထိုင်ကြဖို့ သဘောတူထားကြပြီလို့ တနင်္ဂနွေနေ့မှာပဲ ဘင်္ဂ လား ဒေ့ရှ် အစိုးရ အရာရှိက ပြောပါတယ်။

အဲဒီကျွန်းဟာ ရေကြီးမှုဒဏ် ခံရလေ့ရှိတဲ့နေရာ ဖြစ်လို့ စိုးရိမ်မကင်းမှုတွေ ဖြစ်နေပေမယ့် ရိုဟင်ဂျာ ဒုက္ခသည် ထောင်နဲ့ချီက အဲဒီနေရာသစ်ကို ပြောင်းရွှေ့နေထိုင်ဖို့ သဘောတူကြတာ ဖြစ်ပါတယ်။

Monday, June 10, 2019

ရိုဟင်ဂျာတွေအတွက် UAE ကူညီ/ ODI အကြံပြု

RFA 
လွတ်လပ်တဲ့ အာရှအသံ  
2019-06-10


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: AFP
နိုင်ငံတကာပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ODI ခေါ် ပင်လယ်ရပ်ခြားနိုင်ငံများဖွံ့ဖြိုးရေးအင်စတီကျုက ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာအရေးအစီရင်ခံစာနဲ့ UAE နိုင်ငံရဲ့အကူအညီအကြောင်းကို RFAဝိုင်းတော် သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~
ရိုဟင်ဂျာတွေအတွက် UAE ကူညီ/ ODI အကြံပြု
(နေရိန်ကျော်)

Friday, March 22, 2019

Bhashan Char ကျွန်း ပြောင်းမယ့်အရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ ရတက်မအေး

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် Kutupalong ဒုက္ခသည်စခန်း ဈေးကနေ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး ပြန်လာစဉ် (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို Bhashan Char ကျွန်းပေါ် ပြောင်းရွှေ့ပေးမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရ အစီအစ ဉ်အပေါ် ကုလသမဂ္ဂ အကြီးတန်း အရာရှိတဦးက ကြိုဆိုလိုက်ပေမဲ့၊ ဒုက္ခသည်တွေရဲ့ ဆန္ဒအတိုင်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောဆိုလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ဘယ်ဒုက္ခသည်ကမှ သူတို့အတွက် အ သက် အန္တရာယ်ရှိတဲ့ ကျွန်းပေါ် မပြောင်းရွှေ့ကြလိုဘူးလို့ တုန့်ပြန် ပြောဆိုလိုက်ကြပါတယ်။ လိုအပ်တဲ့ အစားအသောက်နေထိုင်မှုတွေ စီစဉ်ထားပေးမယ်လို့ဆိုပေမဲ့ အသက်ဘေးရန်ကြောက်လို့ မြန်မာပြည်က ထွက်ပြေးလာကြတဲ့သူတို့အတွက် ဘေးထပ်ဖြစ်နိုင်မယ့် နေရာကို မသွားလိုကြသလို လူသားတဦးချင်းစီရဲ့ လူ့တန်ဖိုးကို လေးစားစေလိုပါတယ်လို့ ဆိုပါတယ်။ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

Monday, March 18, 2019

ရခိုင်အရေး မြန်မာစစ်ဘက် စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စည်း

VOA
ဗွီအိုအေ (မြန်မာဌာန)



၂၀၁၇ ခုနှစ်ကစတဲ့ ရခိုင် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ထပ်မံ စီစစ် အတည်ပြုနိုင်ဖို့ ဆိုပြီး မြန်မာစစ် တပ်က အဖွဲ့ဝင် ၃ ဦးပါ စုံစမ်းစစ်ဆေးရေး ခုံရုံးကို ဖွဲ့စည်းလိုက်ပြီး စတင် စစ်ဆေးမှုတွေ လုပ်မယ်လို့ တပ်မ aတာ် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့ ၃ ဦးပါအဖွဲ့ကို “ခုံရုံး” ဆိုတဲ့ အမည်တပ်ထားပေမယ့် ဘယ်လို လုပ်ပိုင်ခွင့်နဲ့ ဘယ်လောက် ကိုင်တွယ် ဆောင်ရွက်မလဲဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိသလို၊ ဒါနဲ့ပတ်သက်လို့ တပ်မတော် ပြောခွင့်ရသူတွေကိုလည်း ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

Friday, March 15, 2019

ဖမ်းဆီးဒုက္ခသည်တွေ ပြန်လွှတ်ဖို့ ARSA ကို Fortify Rights တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
15 မတ်၊ 2019
 ရိုဟင်ဂျာ ဒုက္ခသည်များ
ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အနေနဲ့ သူတို့ဖမ်းထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အမြန်ဆုံးပြန် လွှတ်ပေးဖို့နဲ့ ကျပန်းဖမ်းဆီးတာ နှိပ်စက်ညှင်းပမ်းတာတွေ မလုပ်ဖို့အပြင် အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အကာကွယ်ပေးဖို့ Fortify Rights လူ့အခွင့်ရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

Thursday, March 14, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ အာဆာရဲ့ခြိမ်းခြောက်မှုကြုံ နေရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-14

အာဆာတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

 
■ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည် တွေ ဟာ အာဆာအကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဆက်ပြီး ကြုံတွေ့နေရတယ်လို့ အမေရိကန် အ ခြေစိုက် Fortify Rights အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

RFA ဝိုင်းတော်သား ဦးသစ်ဆင်းက တင်ပြထားပါတယ်။

လင့်၊https://www.rfa.org/burmese/program_2/arsa-03142019105350.html

Wednesday, March 13, 2019

မြန်မာပူးပေါင်းဆောင်ရွက်မှုမရှိပေမဲ့ အရေးယူနိုင်ဖို့ ICC ကြိုးပမ်းမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်၊ 13 မတ်၊ 2019

 
Director of the Jurisdiction, Complementarity and Cooperation Division of the International Criminal Court, Mr Phakiso Mochochoko, speaks during a press conference in Dhaka on March 11. (AFP)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တဲ့ ဖိနှိပ်ညှင်းပမ်း မှုတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ ICC နိုင်ငံတကာရာဇ၀တ်ခုံရုံး တာ ၀န်ရှိသူက အခိုင်အမာပြောကြားလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */