" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လေညှင်းတောင်ရွာ. Show all posts
Showing posts with label လေညှင်းတောင်ရွာ. Show all posts

Thursday, April 11, 2019

မြောက်ဦးမြို့နယ်မှ ကျေးရွာသား တစ်ချို့ခေါ်ဆောင် ခံရဟုဆို

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၁၉


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လက္ကာရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် ရွာသား ၄ ဦးနှင့် အောက် လေညှင်းတောင်ရွာမှ ရွာသား ၃ ဦးကို စစ်တပ်ကခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

လက္ကာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းမြှင့်၏ ဇနီးဖြစ်သူက “ ကျွန်မ ယောင်္ကျား အပါအ၀င် ရွာကလူ ၄ ဦးခေါ်သွားပါတယ်။ ရွာအရှေ့ဘက်ကို ခေါ်သွားတယ်လို့ မြင်ရတဲ့ ရွာသားတွေက ပြောပါတယ်။ ကျွန်မ ယောင်္ကျားကို ခဏလေးမေးစရာရှိလို့ ခေါ်သွားပါတယ်။ ကျွန်မတို့ကတော့ အထူးစိုးရိမ်နေပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */