" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း. Show all posts
Showing posts with label သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း. Show all posts

Tuesday, December 13, 2022

သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း

သန်းဝင်းလှိုင်
မေ ၁၃၊ ၂၀၁၂

မြန်မာပြည်တွင် နာမည်ဆိုးနှင့်ကျော်ကြားခဲ့သည့် ကွယ်လွန်သူ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ သမ္မ တဟောင်းနှင့်စစ်အာဏာရှင် အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်းသည် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးမှ အဖွဲ့ဝင် ဖြစ်ပြီး၊ ဂျပန်စစ်ပညာသင် စတုတ္ထအသုတ်အဖွဲ့ဝင်လည်း ဖြစ်သည်။

အငြိမ်းစားဗိုလ််ချုပ်ကြီးနေဝင်း၏ အမည်အရင်းမှာ ကိုရှုမောင်ဖြစ်သည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်လာသောအခါ သခင်ရှုမောင်ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ တကာစုဂိစုစုမု (Takasugi Susumu) ဖြစ်သည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၆ ရက်နေ့၌ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်နေဝင်းဖြစ်လာခဲ့သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုဖျက်သိမ်း​၍ နိုင်ငံတော်ကောင်စီစတင်ဖွဲ့စည်းချိန်တွင် ဦးနေဝင်းဖြစ် လာသည်။                                                                         
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */