RFA
ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2025.01.08
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: AFP
ရခိုင်ပြည်နယ်ကနေထွက်ပြေးလာပြီး ကော့ဘဇားဒုက္ခသည်စခန်းတွေကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဆန်းကစလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က စာရင်းကောက်ယူပြီး ဒုက္ခသည်အဖြစ်အသိမှတ်ပြုကတ်တွေ ထုတ်ပေးနေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။