ICC ရှေ့နေ Fatou Bensouda
ICC ခေါ် နိုင်ငံတကာ ရာဇ၀တ်မှုခင်းဆိုင်ရာ တရားရုံး ရှေ့နေ Fatou Bensouda က မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီး ICC က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်က ICC တရားသူကြီးတွေက သူ့ကို အ ခွင့်အာဏာပေးအပ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါ တယ်။ ရှေ့နေ Fatou Bensouda က သူ့ရဲ့ ကြေညာချက်မှာ ဘယ် ရာဇ၀တ်မှုခင်း တွေအပေါ်မှာ ဘယ်လို စုံစမ်း စစ် ဆေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရဲမင်းထွန်းက ဆက်လက် ပြောပြမှာပါ။
ICC တရားရုံး ရှေ့နေ Fatou Bensouda က၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အခြေ အနေကို ICC က စတင် စစ်ဆေးနိုင်ဖို့အတွက် ICC တရားသူကြီးတွေဆီက ဥပဒေ အခွင့်အာဏာ တောင်း ခံထားခဲ့တာဖြစ်ပါတယ်။