Showing posts with label ရခိုင်ပဋိပက္ခ. Show all posts
Showing posts with label ရခိုင်ပဋိပက္ခ. Show all posts

Tuesday, October 20, 2020

ရခိုင်ပဋိပက္ခ ရိုဟင်ဂျာတွေ လူသားဒိုင်းသဖွယ် အသုံးချခံ နေရလို့ ရိုဟင်ဂျာအဖွဲ့ စွပ်စွဲ

VOA  
ဗွီအိုအေ (မြန်မာပိုင်း) 
20 အောက်တိုဘာ၊ 2020

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခ တွေကြောင့် ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာစခန်းတခု 

ရခိုင်ပြည်မှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတာနဲ့ အမျှ ရခိုင်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို လူသား ဒိုင်း အဖြစ် အသုံးချဖို့ မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာနေတယ်လို့ အမေရိကန် အခြေစိုက် Arakan Rohingya Union က အောက်တိုဘာလ (၁၉)ရက် တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Saturday, July 18, 2020

ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ စာတမ်းတို

ပြည်သူ့လွှတ်တော်
ရက်စွဲ ၊၅.၉.၂၀၁၈

နိဒါန်း

၁။    ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများသည် သာမန်လူမျိုးရေး၊ ဘာသာရေး၊ မဟုတ်ဘဲ သမိုင်းဇာစ်မြစ်ကြီးမားသည့် ပထဝီနိုင်ငံဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သည့်အပြင် တရားမဝင် ဝင်ရောက်မှု၊ သဘာဝသယံဇာတများ ပိုင်ဆိုင်ရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် တရားဥပဒေ စိုးမိုး မှုတို့ ပါဝင်ပတ် သက်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာရပ်ဖြစ်ပါသည်။

Wednesday, February 19, 2020

ရခိုင်ပဋိပက္ခအပေါ် စိုးရိမ်ကြောင်း ကုလအထူးကိုယ်စား လှယ်ပြော

VOA
ဗွီအိုအေ (မြန်မာဌာန)
19 ဖေဖော်ဝါရီ၊ 2020
ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးနေရတဲ့ အရပ်သားတွေ (ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၉)

ရခိုင်ပြည်နယ်မှာ အင်တာနက် ဆက်သွယ်မှုတွေ ထပ်မံဖြတ်တောက်လိုက်ပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စား လှယ်တွေက ပြောဆိုလိုက်ပါတယ်။

Thursday, November 7, 2019

ရခိုင်ပဋိပက္ခက တရုတ်ပိုးခါးပတ်လမ်းမကြီးဖော်ဆောင်ဖို့ အခွင့်ကောင်းဖြစ်လာ

လွတ်လပ်တဲ့အာရှအသံ( RFA )
2019-11-07
 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ အကောင်အထည်ဖော်နေတဲ့ ရွှေဂတ်စ်စီမံကိန်းကို တွေ့ရစဉ် Photo: RFA 
 
တရုတ်အစိုးရဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို စီးပွားရေးလမ်းကြောင်းနဲ့ ဖြေရှင်းဖို့ အ တွက် Belt and Road Initiative (BRI) ပိုးခါးပတ်လမ်းမကြီး စီမံကိန်းကနေတဆင့် ဖော်ဆောင်ဖို့ ကြိုးစား လာတယ်လို့ Transnational Institute အဖွဲ့က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

Thursday, October 31, 2019

ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ နောက်ဆက်တွဲအလား အလာ (တိုက်ရိုက်လေလှိုင်း)

VOA
တိုက်ရိုက်လေလှိုင်း
30 အောက်တိုဘာ၊ 2019
သားညွန့်ဦး
Mro ethnic people displaced from the surge of fighting between ethnic armed rebel group of the Arakan Army and government troops take refuge at a compound of a Buddhist pagoda are seen during a government-organized visit for journalists in Buthidaung town 

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုပိုပြီး တင်းမာလာသလို၊ အရပ်သားထိခိုက်မှုတွေ အရပ်သားတွေ သွားလာနေထိုင်စားသောက်မှုတွေကို ထိခိုက်လာနေပါတယ်။ တဖက်မှာ အပစ်ရပ်ရေးဆွေးနွေးနေတယ်ဆိုပေမယ့်လည်း၊ တဖက်နဲ့တဖက် စွတ် စွဲပြောဆိုမှုတွေဟာလည်း ပိုပြီး ပြင်းထန်လာပါတယ်။ ရခိုင်မြောက်စစ်ပွဲ ငြိမ်းချမ်းဖို့အ လားအလာနဲ့ စိန်ခေါ် ချက်တွေအကြောင်း အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

Monday, October 28, 2019

ရခိုင်ပဋိပက္ခအတွက် ဒီပလိုမေစီ

The Voice Weekly
The Voice Weekly Journal
by Sep 14, 2017

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ အကြမ်းဖက်ခံရမှုဓာတ်ပုံများဟုဆိုကာ အခြားနိုင်ငံများမှ ရုပ်ပုံများကို ကမ္ဘာ့အလျင်မြန်ဆုံး လူမှုကွန်ရက်ဖြစ်သည့် တွစ်တာ (twitter) ၌ အသုံးပြုဖြန့် ဝေခဲ့သည့် တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏လုပ်ရပ်အား ဖော်ထုတ်လိုက်နိုင်ခြင်းသည် အမှန်စစ်စစ်အားဖြင့် မြန်မာတို့၏ ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သည်။

Wednesday, August 28, 2019

ရခိုင်ပဋိပက္ခ (၂) နှစ်ပြည့်နဲ့ တရားမျှတမှု(တိုက်ရိုက် လေလှိုင်း ဆွေးနွေးခန်း)

VOA
တိုက်ရိုက်လေလှိုင်း
28 သြဂုတ်၊ 2019
သားညွန့်ဦး
ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာများ။ August 25, 2019

သြဂုတ် ၂၇၊ ၂၀၁၉။ ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် အပြန်အလှန်အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပြီး ဒုက္ခ သည်သိန်းဂဏန်းအထိ နယ်ခြားထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ် အခုဆို (၂) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ထွက်ပြေး သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကလည်း မအောင်မမြင် ရှိနေဆဲပါ။ ဒီဖြစ်ရပ်တွင်း လုံခြုံ ရေးတပ်တွေရဲ့ လူ့အခွင့်အရေးကျူးလွန်ဖောက်ဖျက်မှုတွေကို စုံစမ်း အရေးယူဖို့ တောင်းဆိုချက်တွေက လည်း ရှိနေဆဲပါ။ မြန်မာအစိုးရကတော့ ဒီဖြစ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာပြည်တွင်းမှာပဲ ကော်မရှင်ဖွဲ့ စုံစမ်းတာတွေရှိနေတာကြောင့်၊ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှုမလိုဘူးလို့ ပြောနေပါ တယ်။

Wednesday, April 24, 2019

လက်ရှိရခိုင်အရေးနှင့်ပတ်သက်ပြီး အချက် ၅ ချက် အား ရခိုင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၈ဝ ခန့် စုပေါင်း တောင်းဆို

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ၊ ဧပြီ ၂၃/၂၀၁၉ 
လက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ရေးတင်းမာနေမှုများနှင့်ပတ်သက်ပြီး အချက် ၅ ချက်အား ရခိုင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၈ဝ ခန့်က ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

Monday, April 22, 2019

ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော

ဧရာဝတီ
By ထက်နိုင်ဇော်
21 April 2019

"သတင်းမီဒီယာအလုပ်သည် ရာဇဝတ်မှု မဟုတ်"ဟု စာတမ်းပါ တီရှပ်ကို ဝတ်ဆင်ထားသော သတင်းသမားတဦး / မျိုးမင်းစိုး


သတင်းမီဒီယာများ၏ ရခိုင်အရေး ရေးသား ဖော်ပြချက်များကြောင့် လူမျိုးရေး ပဋိပက္ခများ ပိုမိုကြီးထွား လာ မည်ကို တပ်မတော်က စိုးရိမ်သဖြင့် သတင်း မီဒီယာတချို့ကို အရေးယူရန် ဆောင်ရွက်ရခြင်း ဖြစ် ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီ သို့ ပြော သည်။

Saturday, April 6, 2019

ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေကျေ တဲ့အပေါ် ကုလပြစ်တင်ရှုတ်ချ

VOA 
 ဗွီအိုအေ (မြန်မာပိုင်း)
05 ဧပြီ၊ 2019 
  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Ravina Shamdasani (Photo: UN Multimedia)
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား တွေ ထိခိုက်သေကျေခဲ့ရတဲ့အပေါ် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

Tuesday, December 4, 2018

ရခိုင် ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့ သူတွေကို အိုင်စီစီအမြန်ဆုံးတင်ဖို့ တိုက်တွန်း၊

B B C  
ဘီဘီစီ မြန်မာပိုင်း
4 ဒီဇင်ဘာ 2018
ရခိုင် ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် လက်သည်တရားခံတွေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးတင် ICCတင်ဖို့ အမြန်လိုအပ်တယ်လို့ အမေရိကန် ဝါရှင်တန်အခြေစိုက် လူထု ဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာ အဖွဲ့ကတိုက်တွန်း လိုက်ပါတယ်။

Friday, September 8, 2017

ရခိုင်ပဋိပက္ခ နောက်ကွယ်က သမိုင်း

ဧရာဝတီ
8 September 2017
ရခိုင်သမိုင်းပညာရှင် ဒေါက်တာ
Jacques P. Leider / ဇေယျာလှိုင်
သြဂုတ်လ ၂၅ ရက်နေ့တွင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က ရခိုင်ပြည်နယ်မှ ရဲစခန်း ၃၀ ခန့်နှင့် တပ်မ တော် စခန်းတခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ် ဆင်ရေးများ ပေါ်ပေါက်လာစေ ခဲ့သည်။ အသစ်ပြန်ဖြစ်လာသော ပဋိပက္ခကြောင့် ထောင်နှင့် ချီသော မွတ်ဆလင်များ နှင့် ရခိုင် ဗုဒ္ဓဘာသာဝင် များ သူတို့၏ နေအိမ်များကို စွန့်၍ ဒေသတွင်းမှ ယာယီစခန်း များ သို့ သို့မဟုတ် နယ်စပ်ကိုကျော်ဖြတ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ထွက်ပြေးခဲ့ကြရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */