" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လံုၿခံဳေရး. Show all posts
Showing posts with label လံုၿခံဳေရး. Show all posts

Friday, January 17, 2020

တရုတ်သမ္မတနဲ့ မြန်မာတပ်ချုပ် ၂ နိုင်ငံ လုံခြုံရေးဆွေးနွေး မည်

VOA
ဗွီအိုအေ (မြန်မာဌာန) 
17 ဇန်နဝါရီ၊ 2020 
၂၀၁၆ နိုဝင်ဘလတုန်းက မြန်မာတပ်ချုပ် နဲ့ တရုတ်သမ္မတ တွေ့ဆုံစဉ်


တရုတ်နိုင်ငံသမ္မတ Xi Jinping ဒီကနေ့မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်တိုးတက်လာလိမ့်မယ်လို့ တပ်မတော်ဘက် ကပြောပါတယ်။

Friday, October 25, 2019

တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ

မြန်မာ့အလင်း
နေပြည်တော်
အောက်တိုဘာ ၂၄

ဘူးသီးတောင်မြို့နယ်၌ တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအားAA အဖွဲ့က  အဝေး ထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်−မောင်တော ကားလမ်း၌ တရားရုံး ထုတ် အချုပ်ယာဉ်နှင့် လုံခြုံ ရေးယာဉ်တန်းတို့အား AA အဖွဲ့က အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Tuesday, April 9, 2019

ရခိုင်ပဋိပက္ခ အရပ်သားတွေ ပစ်မှတ်မထားဖို့ ကုလ ပန်ကြား

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင် ၊09 ဧပြီ၊ 2019 

 မြန်မာ့ တပ်မတော်

အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေမလုပ်ဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို ကုလသ မဂ္ဂက မနေ့ တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးမှုရှိခဲ့တာ နဲ့ပတ် သက်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး ရုံး ပြောခွင့်ရအမျိုးသမီးကို ဗွီအိုအေ Ira Mellman က မေးမြန်းထားတာကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြထားပါတယ်။

Thursday, February 28, 2019

ပုဏ္ဍားကျွန်းမြို့နယ်တွင် လုံခြုံရေးရဲကားတစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရ

DVB
By ဒီဗွီဘီ ၊28 February 2019


ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာနဲ့ ကြံခင်းကျေးရွာအကြားမှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီ ကျော်က မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် ရဲကားတစီးနဲ့ အိမ်စီးကားတစီးတို့ မီးလောင် ပျက်စီးခဲ့ပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပုဏ္ဍားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက “ဖြစ်စဉ်တွေကတော့ မှန်ကန်ပါတယ်။ အတိအကျသိချင်ရင် ရဲစခန်းကိုမေးပါ။ အခုအစည်းအဝေး လုပ်နေပါတယ်”လို့ ဖြေကြားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */