" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လောက်ကိုင်မြို့. Show all posts
Showing posts with label လောက်ကိုင်မြို့. Show all posts

Sunday, November 26, 2023

“လောက်ကိုင်မြို့သိမ်းတိုက်ပွဲ”ကို မကြာခင်ဆင်နွှဲလားဖို့လို့ ညီနောင်မဟာမိတ် ( ၃) ဖွဲ့ ထုတ်ပြန်ကြေညာ

APM
နိုဝင်ဘာ ၂၆/၂၀၂၃ 

 (ရခိုင်သံဖြင့်)

၁၀၂၇စစ်ဆင်ရီး (၁)လတာကာလအတွင်း ကိုးကန့်အထူး ဒေသ (၁) စွာ ကိုးကန့်လူမျိုးရို့ လက်ထဲသို့ ရောက်ဟိဖို့အတွက် “လောက်ကိုင်မြို့သိမ်း” တိုက်ပွဲကို မကြာခင်ဆင်နွှဲလားဖို့လို့ ညီနောင်မဟာမိတ် (၃)ဖွဲ က နိုဗမ်ဘာ၂၅ ရက်နိမာ ထုတ်ပြန်ကြေညာလိုက်ပါရေ။

ယင်းထုတ်ပြန်ချက်အရ “၁၀၂၇ စစ်ဆင်ရီး(၁)လပြည့်ခါနီးမာ ထိုက်သင့်ရေအောင်မြင်မှုတိနန့်အတူ ရည်မှန်းထားရေ စစ်ရီး၊ နိုင်ငံရီးရည်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့အတွက် မိမိရို့ အနီနန့် စစ်ရီးအဟုန်ကို ထပ်မံမြှင့်တင်လားဖို့ဖြစ်ပြီး၊ စစ်ဆင်ရီး(၁)လတာအတွင်း ကိုးကန့်အထူး ဒေ သ (၁)စွာ ကိုးကန့်လူမျိုးရို့ လက်ထဲရောက်ဖို့ လက်တလှမ်းအလိုသို့ ရောက်ဟိနီပနာ ကိုးကန့်လူမျိုး ရို့ ၏ အိမ်ပြန်တိုက်ပွဲဖြစ်လာဖို့ ” လောက်ကိုင်မြို့သိမ်း” တိုက်ပွဲစွာလည်း မကြာခင်လာဖို့ဗျာယ်” လို့ဆိုပါ ရေ။

Friday, November 24, 2023

MNDAAက စခန်း ၄ ခုကို ဆက်လက်သိမ်းပိုက်ပြီးနောက် လောက်ကိုင်မြို့ သို့ ဦးတည်ချီတက်လာနေ

Narinjara
ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃ 

(မဟာမိတ်တပ်ဖွဲ့မှ စစ်ဆင်ရေး ၂၉ ရက်မြောက်နေ့တွင် စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး အနည်း ဆုံး စုစုပေါင်း(၁၇၁)ခု သိမ်းပိုက်ရရှိပြီဟုဆို)

ကိုးကန့် MNDAAသည် ဆိုင်တာအိုင်တောင်ကုန်းအပါအဝင် စခန်း ၄ ခု ကိုသိမ်းပိုက်လိုက်ပြီးနောက် လောက်ကိုင်မြို့ သို့ ဦးတည် ချီတက်လာနေပြီ ဖြစ်ကြောင်း ကိုးကန့် မီဒီယာတွင် သတင်းဖော်ပြသည်။

လောက်ကိုင်မြို့အနီး စစ်ကောင်စီနောက်ဆုံးစခန်းကုန်း MNDAA သိမ်းယူ၊ စစ်ဆင်ရေး လောက်ကိုင်သို့ ဦးတည်နေ ပြီဟု အသိပေး

မဇျ္စိမ
ရွှေနွယ် (မဇ္ဈိမ)
24 November 2023
ပုံအညွှန်း − လောက်ကိုင်မြို့အနီးစခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ ဓာတ်ပုံ − The Kokang

လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီ၏ နောက်ဆုံးစစ်စခန်းကုန်းကို ယနေ့သိမ်းယူနိုင်ခဲ့ပြီး စစ်ဆင်ရေး သည် လောက်ကိုင်သို့ ဦးတည်နေပြီဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAAက ထုတ်ပြန်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */