" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူ့အခွင့်အရေးကောင်စီ . သတင်း. Show all posts
Showing posts with label လူ့အခွင့်အရေးကောင်စီ . သတင်း. Show all posts

Sunday, July 10, 2022

ရိုဟင်ဂျာအရေးဆွေးနွေးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီကို ကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

RFA
Radio Free Asia
2022.07.09
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်ကနေ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေးကို တွေ့ရစဉ် Photo: FABRICE COFFRINI / AFP
 
 သက်ဆိုင်ရာ နိုင်ငံမပါဘဲ ရိုဟင်ဂျာအရေးကို ဆွေးနွေးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကို ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဇွန်လ ၁၃ ရက်ကနေ့ကနေ ဇူလိုင် ၈ ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေး မှာ ရိုဟင်ဂျာ မွတ်စလင်နဲ့ လူနည်းစုတွေ လူ့အ ခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဖိနှိပ်မှု ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါတွေကို စစ်ကောင်စီက ကန့်ကွက်လိုက်တာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */