စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုနှစ်ဆန်းပိုင်း တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ၁,၂၀၀ ကျော်ကျဆုံးခဲ့တယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာ တပ်မတော်ဘက် ကတော့ ဒါဟာ ဝါဒဖြန့်ချီမှု သက်သက် ဖြစ်တယ်လို့ဆိုပြီး ငြင်းဆိုပါတယ်။ ဒါ့အပြင် အခု ဇွန်လအတွင်း ရခိုင် မြောက်ပိုင်းမှာ တိုက် ပွဲတွေ လျော့ကျလာပြီး လုံခြုံရေးအခြေနေ တိုးတက်လာတယ်လို့လည်း မြန်မာ့တပ်မ တော် ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုနိုင် ကွန်းအိန် သတင်း ပေးပို့ထားတာပါ။