VOA
ဗွီအိုအေ (မြန်မာဌာန)
၁၆ ဇူလိုင်၊ ၂၀၂၄
စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ - IDPs Support Group)
မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်စခန်းတွေကို ထိန်းချုပ်ပြီး ဒုက္ခသည်တွေကို လူသားဒိုင်းတွေလို အသုံးချနေတယ်လို့ အမေရိကန်နိုင်ငံကပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ်ကြီး Robert Wood က ကုလသမဂ္ဂမှာ တနင်္လာနေ့က အဲဒီလို စွပ်စွဲပြောဆိုခဲ့တာပါ။