" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလ တတိယကော်မီတီ. Show all posts
Showing posts with label ကုလ တတိယကော်မီတီ. Show all posts

Monday, December 30, 2019

ရခိုင်အရေးကို လွဲမှားစွာပုံဖော်ထားသည့် တတိယကော် မတီ၏ အဆိုမူကြမ်း မြန်မာကန့်ကွက်

မြန်မာတိုင်းမ်နေ့စဉ်
မင်းဝဿန်
30 DEC 2019
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု၌ စစ်ဘေးရှောင်ရခိုင်ဒေသခံများအား ဇူလိုင် ၁၀ ရက်က ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရာနာ ဘူဂင်နာ ရောက်ရှိ တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ- အီးပီအေ

ဒေသတွင်း မတူညီသည့် အသိုက်အဝန်းများအကြား နိုင်လိုမင်းထက် ပြုမှုနှင့် ယုံကြည်မှု ပျက်ပြားမှုကိုသာ အားပေးအားမြှောက်ပြုမည့် အဆိုမူကြမ်းဖြစ်ကြောင်း၊ ရခိုင်ဒေသ၏ ထိရှလွယ်သည့် ငြိမ်းချမ်း ရေးနှင့် သဟ ဇာတဖြစ်ရေးအပြင် နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကိုလည်း ဆုတ်ယုတ်ပျက်ပြားစေမည့်အပြင် နိုင်ငံတကာ အသိုက်အ ဝန်း နှင့် မြန်မာနိုင်ငံပြည်သူများအကြား သဘောထား ပိုမိုကွဲလွဲစေမည့် အဆိုမူကြမ်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြောသည်။

Monday, November 18, 2019

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု ကုလ တတိယကော်မတီ ဆုံးဖြတ်ချက်

VOA
 ဗွီအိုအေ (မြန်မာဌာန)
18 နိုဝင်ဘာ၊ 2019
အင်ကြင်းနိုင်
နိုဝင်ဘာလ ၁၄ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်ဆွေးနွေးနေတဲ့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ (ဓာတ်ပုံ - United Nations)
 
ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေအပေါ် ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံ တကာ လူသားချင်းစာနာမှု ဥပဒေ ချိုးဖောက်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော် မတီက မြန်မာ့အရေး ဆုံးဖြတ်ချက် တရပ်ကို ချမှတ်လိုက်ပါတယ်။ တတိယကော်မတီမှာ နိုဝင် ဘာလ ၁၄ ရက်နေ့က အတည်ပြုခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကို ကုလအထွေထွေညီလာခံက ဒီဇင်ဘာလမှာ ဆက် လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */