Showing posts with label RNDP. Show all posts
Showing posts with label RNDP. Show all posts

Friday, May 1, 2026

သီတာထွေး အဖြစ်မှန်

သီတာထွေး အဖြစ်မှန်

 
၂၀၁၂သတ်ဖြတ်မှုကြီးနောက်ကွယ်က လက်မဲဒါရိုက်တာကြီးက ဒေါက်တာအေးမောင်(RNDP)ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က လွှတ်တော်ကို တရားဝင်တင်ပြခဲ့တယ်။ ရခိုင်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဇာဂနာကလည်း မုဒိန်းမှုမဖြစ်ခဲ့ဘူးလို့ ဆေးစစ်တဲ့ဆရာဝန်ကပြောခဲ့တယ်လို့ ဆိုခဲ့တယ်။)

 
ကိုယ်တွေ့သိမြင်ထားသူ ကျောက်နီမော်ကျောင်းဆရာရဲ့ တင်ပြချက်
 
အမှန်တရားကိုချစ်တဲ့ မြန်မာပြည်သူများ၊ သိက္ခာသမာဓိ မြတ်နိုးတဲ့ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးများ၊ ကမ္ဘာသူ ကမ္ဘာသားများသိစေဖို့ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေးရဲ့ ဖြစ်ရပ်မှန်ကို တင်ပြလိုက်ပါမယ်။ (ကျွန်တော်ဟာ ကျောက်နီမော်ကျေးရွာမှာ အကိုဖြစ်သူကိုသက်လွင်ဦးနဲ့အတူ- အလယ်တန်း အထက်တန်းကလေးများကို စာသင်ပေးခဲ့တဲ့ ကျောင်းဆရာတစ်ဦးဖြစ်လို့ ရခိုင်ကလေးတွေထဲကရော မွတ်ဆလင်ကလေးထဲကပါ၊ ချစ်ခင်လေးစားတဲ့ ဆရာတစ်ဦးအဖြစ် အသိမှတ်ပြုတဲ့ တပည့်ပေါင်းများစွာ ရှိပါတယ်။ ဒီသတင်းကို ကိုယ်တိုင် လေ့လာပြီး တင်ပြခြင်း ဖြစ်ပါတယ်။)
 

Thursday, September 14, 2023

ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ ( ၂၀၂၂- မှတ်တမ်း အချို့ )

 

  • ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ
    DMG ၊ စက်တင်ဘာ ၁၀
    (Review/ဆောင်းပါး) 

                                                                            

Wednesday, March 5, 2014

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည် ဖြည့်သွင်းတာ လက် မခံဖို့ RNDP တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ  
2014-03-05

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ ပတ်သက်ပြီး လူမျိုး အမည်ရေးသွင်းရာမှာ ဘင်္ဂါလီလူမျိုးလို့ ထည့်သွင်းစေချင်ကြောင်း၊ သို့မဟုတ် ကုဒ်နံပါတ်တစ်ခုခု တိတိကျ ကျ သတ်မှတ်ပေးဖို့နဲ့ ရိုဟင်ဂျာလို့ ဖြည့်သွင်းတာကို လုံးဝ လက်ခံခြင်းမပြုဖို့ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ RNDP က မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

Thursday, November 8, 2012

ရခိုင်အရေးမှာ နိုင်ငံတော်မူဝါဒ ပြတ်သားစွာ ချမှတ်ရန်လို

မြန်မာဌာန | သတင်းများ
11.08.2012
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ် ၌ ဖြစ် ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော် ကြီး ကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
2012-11-08.
 
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စကို အစိုးရက ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ်ဆိုတာလူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ ကြေငြာချက်မှာ တိုက်တွန်း လိုက်ပါ တယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */