Showing posts with label လက္ကားကျေးရွာ. Show all posts
Showing posts with label လက္ကားကျေးရွာ. Show all posts

Friday, May 10, 2019

ဖမ်းဆီးခံ လက္ကာရွာသား သုံးဦး သေဆုံးမှု အဖြစ်မှန် စုံစမ်းပေးဖို့ မိသားစုဝင်တွေ တောင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-10
မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေရဲ့ မိသားစုဝင်တွေကို စစ်တွေမြို့မှာ ၂ဝ၁၉ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေဖမ်းဆီးခံရတဲ့လူ ၂၇ ဦးအနက် သုံးဦးဟာစစ်တွေတပ်နယ် မှာ စစ်ဆေးခံရချိန်အတွင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုစုံစမ်းပြီး တာဝန်ရှိသူတွေ ကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူများနှင့် မိသားစု များ ပထမဆုံးအကြိမ်တွေ့ခွင့်ရ

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မေ ၁ဝ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဖမ်းဆီး ခံထားရသူများနှင့် မိသားစုဝင်များ ပထမဆုံး အကြိမ် မေလ ၉ ရက်နေ့က တွေ့ဆုံခွင့်ရခဲ့သည်ဟု မိသားစုများက ပြောကြားသည်။

Friday, April 26, 2019

ဖမ်းဆီးခံထားရသည့် လက္ကာရွာသား ၂၇ ဦးထဲမှ ၃ ဦး သေဆုံး

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ ဧပြီလ ၂၅/၂၀၁


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၇ ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီး ခေါ်ဆောင် သွားရာ ထိုအထဲမှ ၃ ဦးသေဆုံးသွားသည်မှာ မှန်ကန်ကြောင်း သတင်းရရှိသည်။

Thursday, April 11, 2019

လက္ကာကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၄ ဦးကို ပြန်လည်လွတ်မြောက်လာ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၁၉
ယနေ့ နေ့လယ်ပိုင်းက စစ်တပ်က ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် မြောက်ဦးမြို့နယ် လက္ကာရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၄ ဦးကို ယနေ့ ညနေပိုင်းက ပြန်လည် လွတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာ တစ်ရွာလုံးနီးပါး ထွက်ပြေး

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ဧပြီ ၁၁/ ၂၀၁၉



 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသားများအားလုံး သည် ယနေ့ နံနက်က စပြီး ညနေ ၃ နာရီထိ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြကြောင်းသတင်းရရှိသည်။

မြောက်ဦးမြို့နယ်မှ ကျေးရွာသား တစ်ချို့ခေါ်ဆောင် ခံရဟုဆို

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လက္ကာရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၄ ဦးနှင့် အောက် လေညှင်းတောင်ရွာမှ ရွာသား ၃ ဦးကို စစ်တပ်ကခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသား ၂၇ ဦးကို စစ်တပ်မှ ဖမ်းခေါ်သွား

နိရဉ္စရာ၊
နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ရွာသား ၂၇ ဦးကို စစ်တပ်မှ ယနေ့ညနေပိုင်းက ကြိုး တုတ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ခေါ်ယူခြင်း ခံရသူများမှာ ဦးညွှန့်မောင် (၄၀) နှစ်၊ ကိုထွန်းအေးကျော် (၂၅) နှစ်၊ ကိုလှမောင် (၂၅) နှစ်၊ ကိုမြင့် အာင် (၂၃) နှစ်၊ ကျော်သန်းနိုင် (၂၈)နှစ်၊ ဦးမောင်သန်းနု (၄၂) နှစ်၊ ကိုမောင်နိုင်ဝင်း(၃၀) နှစ်၊ ဦးထွန်း ကြည် (၃၆) နှစ်၊ ဦးစံသာထွန်း (၃၂)နှစ်၊ ဦးခင်မောင်ဝင်း (၃၅) နှစ်၊ ဦးမောင်ခင်ဝင်း (၃၂) နှစ်၊ ဦးခင်မောင်စော (၃၄) နှစ်၊ ဦးသိန်းထွန်းစိန် (၄၁) နှစ်၊ ကိုပြက်ယေ(၂၂) နှစ်၊ ဦးဖိုးသာလူ (၄၀)နှစ်၊ ဦးစံမောင် (၃၁)နှစ်၊ မောင်ကြီးယေ (၃၉) နှစ်၊ ဦးမောင်ကျော်မြ (၄၂)နှစ်၊ ဦးမောင်သန်းဌေး (၄၀) နှစ်နှင့် တစ်ခြားရွာမှ အလုပ်လာ လုပ်ကိုင်နေသူ ၈ ဦးတို့ ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */