" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တရုတ်ခါးပတ်. Show all posts
Showing posts with label တရုတ်ခါးပတ်. Show all posts

Thursday, November 7, 2019

ရခိုင်ပဋိပက္ခက တရုတ်ပိုးခါးပတ်လမ်းမကြီးဖော်ဆောင်ဖို့ အခွင့်ကောင်းဖြစ်လာ

လွတ်လပ်တဲ့အာရှအသံ ( RFA )

2019-11-07
 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ အကောင်အထည်ဖော်နေတဲ့ ရွှေဂတ်စ်စီမံကိန်းကို တွေ့ရစဉ် Photo: RFA 
 
တရုတ်အစိုးရဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို စီးပွားရေးလမ်းကြောင်းနဲ့ ဖြေရှင်းဖို့ အ တွက် Belt and Road Initiative (BRI) ပိုးခါးပတ်လမ်းမကြီး စီမံကိန်းကနေတဆင့် ဖော်ဆောင်ဖို့ ကြိုးစား လာတယ်လို့ Transnational Institute အဖွဲ့က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ တပ်မတော် ရှင်းလင်းရေး စစ်ဆင်ရေး ကြောင့်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းကြားမှာ ဆက်ဆံရေး အက်ကြောင်းဖြစ်လာတဲ့အချိန်၊ တရုတ်ဟာ မြန်မာနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အခွင့်ရေးတစ်ရပ်ဖြစ်သွားတယ်လို့လည်း TNI အဖွဲ့က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */