Showing posts with label တုန့်ပြန်. Show all posts
Showing posts with label တုန့်ပြန်. Show all posts

Saturday, November 16, 2019

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ တွင် တရားစွဲဆိုမှု အပေါ် နိုင်ငံတကာဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ELEVEN 
16 November 2019
မင်းနိုင်စိုး
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမဆောင်၌ နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် အိမ်တာ် သတင်းထောက်များနှင့် တွေ့ဆုံသော သတင်း ထုတ်ပြန်သည့် အခမ်းအနားကို တွေ့ရစဉ် 

 မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အ ပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရား စွဲဆိုထားမှုနှင့် ပတ်သက် ၍ နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားသည်။

Saturday, October 26, 2019

ဘင်္ဂလားဒေ့ရှ်အနေဖြင့် ကော့ခ်ဘဇားရှိစခန်းများတွင် အာ ဆာအကြမ်းဖက်အုပ်စုများ တည်ရှိနေခြင်းအပေါ် မျက်ကွယ် မပြုသင့်ဟု ပြည်ထောင်စုဝန်ကြီးဦးကျော်တင် တုံ့ပြန်

မြန်မာတိုင်းမ်နေ့စဉ်
မင်းဝဿန်
26 Oct 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကော့ခ်ဘဇား ရှိ စခန်းများတွင် အာဆာအကြမ်းဖက်အုပ်စု များတည်ရှိနေခြင်း ကို မျက်ကွယ်မပြုသင့် ကြောင်း မြန်မာအစိုးရက ပြောကြားသည်။

ပြန်လည်တုံ့ပြန်ပြောကြား

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ကျင်းပ လျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး အကြို ဝန်ကြီးအဆင့်ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် အောက်တိုဘာ ၂၃ ရက်၌ ရခိုင်ပြည် နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆို ချက်အပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ပြန်လည် တုံ့ပြန်ပြော ကြားရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြင်းပြင်းထန်ထန်ကန့်ကွက်

Tuesday, April 2, 2019

(သတင်းဌာနများထံခြိမ်းခြောက်သတိပေးစာများပေးပို့ခြင်းမရှိဟုAAတုန့်ပြန်)

K.K.P. ဧပြီ.၂ .၂၀၁၉

ရက္ခိုင့်တပ်မတော်(AA)အမည်သုံး၍ ပြည်တွင်းသတင်းဌာနများကို ခြိမ်းခြောက်သတိပေးစာ များပေးပို့ခဲ့ ခြင်းဖြစ်စဉ်သည် ယင်းတို့ AA တပ်ဖွဲ့နှင့် မသက်ဆိုင်ကြောင်း တပ်ဖွဲ့ပြောခွင့်ရသူ ခိုင်သုခက ငြင်းဆိုလိုက်ပါတယ်
၎င်းတို့အနေဖြင့် မြန်မာမီဒီယာများ၏ လွတ်လပ်စွာသတင်းရယူခွင့် ကန့်သတ်ခံရသည့် အခက်အခဲကို နား လည်သဖြင့် တက်နိုင်သမျှ မြေပြင်သတင်းရယူမှုလုပ်ငန်းများကို ကူညီမည့်အကြောင်းကိုလည်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သူက ပြောသည်။ လက်ရှိ သတင်းဌာနများထံ သူတို့အမည်သုံး၍ ပျံ့နှံ့လာသည့် ခြိမ်းခြောက်မှုများသည် တပ်မတော်၊ စိတ်ဓါတ်စစ်ဆင်ရေးဌာန၏ လက်ချက်ဖြစ်နိုင်ကြောင်း သူက စွပ်စွဲ သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */