" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 29, 2024

အိန္ဒိယမှာ ရိုဟင်ဂျာ လေးဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2024.03.29

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ရှိ အင်ဒို-မြန်မာနယ်စပ်ဂိတ် တစ်နေရာအား ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ AFP

အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လေးဦးကို ဖမ်ဆီးထားတယ်လို့ ဥတာပရာဒက်ရှ်ပြည်နယ် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ (ATS) က ပြောကြောင်း အိန္ဒိယသတင်းစာ Times of India က မတ်လ ၂၉ ရက် ဒီနေ့ ဖော်ပြပါတယ်။

အသက် ၁၉ နှစ်နဲ့ ၂၂ နှစ်ကြား အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး သုံးဦးကို အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီကိုသွားမယ့် ရထားတစ်စီးပေါ်က မတ်လ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ လေးဦးဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံသား အထောက် အထားအတုတွေနဲ့ ဝင်ရောက်လာတာလို့ ဖော်ပြပါတယ်။

အဲဒီလေးဦးထဲက အမျိုးသမီး သုံးဦးဟာ ကျန်တဲ့အမျိုးသား တစ်ဦးရဲ့ လူကုန်ကူးမှုကိုခံရတာလို့ ဆိုပါတယ်။

အဲဒီအမျိုးသားဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေကို အလုပ်အကိုင်ပေးမယ်လို့ လိမ်လည်ပြီး အိန္ဒိယနိုင်ငံက ပြည်နယ်တွေကို လူကုန်ကူးလေ့ရှိတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် သူ့ကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ Times of India က ဖော်ပြပါတယ်။

ဆက်နွယ်သောသတင်းများ 

 Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */