" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 9, 2023

ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ၆၂ဦး ဖမ်းဆီး ခံရ

ဧရာဝတီတိုင်းမ်
မေလ ၉ ရက် ၂၀၂၃
 

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်မှာ မေလ ၅ ရက်နေ့ကစက်လှေတစ် စီးပေါ်ကနေ ရိုဟင်ဂျာ ၆၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၆၂ ဦးမှာ အမျိုးသား ၅၀ဦး၊အမျိုးသမီး ၁၂ ဦး တို့ဖြစ်ကြပြီး ၁၈နှစ်မပြည့်သေး သူ အချို့ပါ၀င်ကာ သူတို့ကို လှေနဲ့ တင်ဆောင်လာတဲ့ မြန်မာလူမျိုး (၅) ဦးကိုလည်း စစ်ကောင်စီရေ တပ် က ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

"စက်လှေနဲ့လာကြတာ ရေတပ်သင်္ဘောကမိလာတာ။ အကုန်လုံးကို ငပုတောမြို့က ရေသန့်စက်ရုံ ထဲ မှာ ပဲထားတယ်။ ကလေးတွေလဲ ပါတယ်။ လ၀ကနဲ့ရဲတွေကစစ်ဆေးနေကြတုန်းပဲ"လို့ ငပုတောမြို့က ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။

လက်ရှိဖမ်းမိထားသူတွေဟ ပွဲစားရဲ့ချိတ်ဆက်ပေးမှုနဲ့ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်းတော ဘက် ကဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကိုအလုပ်လုပ်ဖို့ စက်လှေနဲ့ထွက်လာချိန်မှာ ခုလို ဖမ်းဆီးခံခဲ့ရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဧရာ၀တီတိုင်းမှာ၂၀၂၃ခုနှစ်အတွင်းမှာ ရိုဟင်ဂျာ များဖမ်းဆီးခံရတာ ၄ ကြိမ်မြောက်ဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့က ရိုဟင်ဂျာ ၇၀ ဦးကို ငရုတ်ကောင်းမြို့ပင်လယ်ပြင် မှာဖမ်းဆီးခဲ့ပြီး ငပုတောမြို့နယ်တရားရုံး က ၆ ရက်အကြာမှာပဲ လ.၀.က ဥပဒေနဲ့ ထောင်ဒဏ်၂နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြှီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာ ၇၀၀ကျော် ဖမ်းဆီးခံရပြီး လူ၀င်မှုကြီးကြပ် ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံရကာ ၎င်းတို့အနက်မှ ၅၀၀ကျော်မှာ ထောင်ဒဏ် တွေချမှတ်ခံထားရ တယ်လို့ တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */