Showing posts with label ဗိုလ်ချုပ်ထွန်းမြတ်နိုင်. Show all posts
Showing posts with label ဗိုလ်ချုပ်ထွန်းမြတ်နိုင်. Show all posts

Tuesday, May 12, 2026

မေးမြန်းခန်း “ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး အတူတူ စုဝေးသွားတာမျိုးပါ”(၁) (၂)

 ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat သတင်းဌာန ​မေးမြန်းခန်း (အပိုင်း ၁)

မေလ ၄ ရက်နေ့မှာThe Diplomat သတင်းဌာနကအာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အထူးသီးသန့် အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ The Diplomatရဲ့ သတင်းထောက် ရာဂျိဗ် ဘက်တာချာရီယာက ရခိုင်ပြည်

နယ်ရဲ့ တစ်နေရာမှာ မတ်လ ၂ ရက်နေ့တုန်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ လုကိုယ်တိုင်​တွေ့ဆုံ​မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ဦးစီးနေသူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ အွန်လိုင်း အင်တာဗျူးတွေကို လက်ခံဖြေကြားတာမျိုး ရှိခဲ့ပေမယ့် နိုင်ငံခြား သတင်းထောက် တစ်ဦးနဲ့ လူချင်းတွေ့ဆုံ စကားပြောတာကတော့ ဒါဟာ ပထမဆုံး အကြိမ်လို့ The Diplomatက ဆိုပါတယ်။

Sunday, September 21, 2025

ARSA နဲ့ RSO တပ်ဖွဲ့တွေ AA ကိုဝင်တိုက် (ရုပ်/သံ)

ဧရာဝတီ
20 September 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့ တပ်စခန်းကို မွတ်ဆလင်လက် နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောပါတယ်။

မွတ်စလင် လက်နက်ကိုင်တပ်တွေဖြစ်တဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ (RSO) တွေက စက်တင်ဘာလ ၁၈ ရက်နေ့ညမှ စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်အင်တာဗျူးမှာ ထည့်သွင်း ပြောဆို သွားတာပါ။

အာဏာသိမ်း စစ်တပ်ကို တိုက်နေရတဲ့ AA ဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးကိစ္စတွေ ဆောင်ရွက်နေရချိန်မှာ ဘင်္ဂလားဒေ့ရှ် အရာရှိတချို့ရဲ့ နောက်ကွယ်က တွန်းအားနဲ့ စိမ့်ဝင်လာတဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ဝင်တိုက်မှုကို ကြုံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

#မြန်မာ #ဧရာဝတီ #AA #ARSA #RSO #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Link : Here

 

Thursday, September 4, 2025

AA စစ်ဦးစီးချုပ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ BROUK အဖွဲ့ အာဂျင်တီးနားတရားရုံးကို တောင်းဆို

BBC Burmese
September 3, 2025

အာဂျင်တီးနားတရားရုံးအရှေ့မှာ တွေ့ရတဲ့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင် (ပုံဟောင်း)

အာရက္ခတပ်တော် ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက် မှာ ကြေညာလာပါတယ်။

Monday, June 3, 2024

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဆက်သွယ်မေးမြန်းချက် (ပထမပိုင်း)

VOA
သားညွန့်ဦ
ဇွန်လ ၃ ရက် ၂၀၂၄

ဒေသတွင်း မတူကွဲပြားတဲ့လူမျိုးဘာသာဝင်တွေအကြား ငြိမ်းချမ်းစွာအတူတကွနေနိုင်ဖို့ ညှိုနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ AA အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာပြောပါတယ်။

Link : Here

Saturday, June 1, 2024

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး အေအေဘက်မှ တုံ့ပြန်ဖြေကြားချက်

DMG
30 May 2024 

“လေ့လာသူတွေအနေနဲ့ အာရကန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ် တွေ ထိတ်လန့်ဖွယ်ရာ ဆုံးရှုံးရမှုအပေါ်မှာလည်း မျှမျှတတ သတိပြုစောင့်ကြည့်ကြဖို့ ကျနော်တို့ အကြံပြုပါတယ်” 

အာရက္ခတပ်တော်(AA)၏ တပ်မှူးချုပ်ဖြစ်သလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ဥက္ကဌလည်းဖြစ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ ဓာတ်ပုံ - Reuters
 
[ယခုအင်တာဗျူးသည် The New Humanitarian သတင်းဌာန၏ ဝဘ်ဆိုက်ပေါ်တွင် ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့၌ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြချက်ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ဖော်ပြပါရှိသော အသုံးအနှုန်းများသည် မူရင်းသတင်းဌာနတွင် ဖော်ပြချက်အတိုင်း တိုက်ရိုက်ဘာသာပြန်ထားခြင်း ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ - DMG]

Tuesday, May 14, 2024

တက်ကြွလှုပ်ရှားသူများက လူမျိုးရေးကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာနေကြောင်း AA ခေါင်းဆောင်ပြော

Myanmar Photo Agency
12 May 2024 By MPA CJ 012 

ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ရခိုင်ဒေသရှိ ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာလူမျိုးများကြား လူမျိုးရေးပဋိပက္ခများနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ရက္ခိုင့်တပ်တော်၏ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တက်ကြွလှုပ်ရှားသူများအနေဖြင့် လူမျိုးရေးအား ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာနေကြောင်း ၎င်း၏ တွစ်တာစာမျက်နှာမှတစ်ဆင့် ပြောဆိုလိုက်သည်။

Saturday, February 3, 2024

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း ပထမပိုင်း-နှင့် ဒုတိယပိုင်း -BBC News မြန်မာ

BBC
03.02.2024

 လက်ရှိ အချိန်ဟာ မြန်မာတစ်ပြည်လုံးက ပြည်သူတွေ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့ အကောင်းဆုံး အချိန် ဖြစ်တယ် ဆိုပြီး ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။ အခု မေးမြန်းခန်း ပထမပိုင်း အနေနဲ့ ရက္ခိတ အိပ်မက် ဒီတချီ ပြီးမြောက်မယ်လို့ ယုံကြည်နေပြီလား ... ရက္ခိတ အိပ်မက် ပြည့်မြောက်တယ် ဆိုတာ ရခိုင်ရဲ့ သီးသန့် အချုပ်အခြာ အာဏာကို ကြေညာလာတဲ့ အထိ အဓိပ္ပာယ် သက်ရောက်လား ... ရက္ခိုင့်တပ်တော် အနေနဲ့ NUG အပေါ် ဘယ်လို သဘော ထားလဲ .... တရုတ်က ကြားဝင်လာရင် ရခိုင်ထဲမှာရော တိုက်ပွဲတွေ ရပ်သွားနိုင်လား ... စတဲ့ အကြောင်းအရာတွေ အပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို မေးမြန်းခန်း ပထမပိုင်း အနေနဲ့ ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်း တင်ဆက်ထားပါတယ်။

Tuesday, February 25, 2020

AA စစ်ဦးစီးချုပ်၏ ဇနီးနှင့်မိသားစု ဆွစ်ဇာလန်ကို ထွက်ခွာ သွား

နိရဉ္စရာ
ဖေါ်ဝါရီ ၂၅ / ၂ဝ၂ဝ

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ျခုပ် ထွန်းမြတ်နိုင်၏ ဇနီး မနွင်းဇာဖြူ (ဇာဇာ) နွင့် သားသမီး နွစ်ဦး တို့ သည် ယေန့ နေ့လယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မွ ဆွစ်ဇာလန်နိုင်ငံသို့ UNHCR ၏ အစီအစဉ်ဖြင့် ထွက်ခွာသွားခဲ့သည်ဟု ရခိုင်လူ့အခွင့်အေရး လူပ်ရွားနေသူ ဦးညီညီလွင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

Sunday, January 12, 2020

အစိုးရနှင့်တွေ့ဆုံဆွေးနွေးရန် AA အဖွဲ့ကို တရုတ်ဖိအား ပေးခဲ့

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ 
12 JAN 2020 
ဓာတ်ပုံ - The Kachin Net 

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ရေးနည်းဖြင့်ဖြေရှင်းမှုထက် အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုကို များ များလုပ်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)အား တရုတ်အစိုးရက ဖိအားပေးခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆမ်အောင်က ပြောသည်။

Friday, January 10, 2020

အေအေစစ်ဦးစီးချုပ်နဲ့ ဆက်သွယ်မေးမြန်းချက်

B B C
ဘီဘီစီ မြန်မာပိုင်း
2020-01-09
ဘီဘီစီ မြန်မာပိုင်း

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတာ တစ်နှစ်ကျော်လာပြီး စစ်ဘေးရှောင်ရသူလည်း တစ်သိန်းကျော် ရှိ လာပါပြီ။ တိုက်ပွဲတွေဟာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အခု ဆိုရင် မြို့တော်စစ်တွေနားထိ ရံဖန်ရံခါ ကျယ်ပြန့်ရောက်ရှိလာပါတယ်။


လက်ရှိ ရခိုင်ပြည်နယ် စစ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းနိုင်ရေး အလားအလာတွေနဲ့ ပတ်သက် လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဘီဘီစီ အကြီးတန်းသတင်းထောက် စောရန်နိုင်က ဇန်နဝါရီ ၇ ရက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။

Wednesday, January 1, 2020

ကပရ ဝန်ထမ်း ၁၆ ဦးကို အေအေက ပြန်လွှတ်ပေး

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.01
သူတို့က စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေဖြစ်လို့ ပြန်လွှတ်ပေးတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒီဇင်ဘာ ၃၁ ရက် (မနေ့) က ဖမ်းသွားတဲ့ အောင်တံခွန် ရေယာဉ်ပေါ်က ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ဝန်ထမ်း ၁၆ ဦးကို ဒီနေ့ မနက် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ရက္ခိုင့်တပ်မတော် အေအေ က ထုတ်ပြန်ပါတယ်။

Friday, December 6, 2019

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီး ၂ ဦးကို မြန်မာဘက်က လက်လွှဲယူဖို့ စီစဉ်နေ

B B C 

ဘီဘီစီ မြန်မာပိုင်း 
06 ဒီဇင်္ဘာ 2019

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သား၊ သမီး ၂ ဦးကို ထိုင်းကနေ မြန်မာ ဘက်ကို လွှဲပြောင်းပေးဖို့ စီစဉ်နေလို့ ဆို
 
 ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ ၊ သမီးဖြစ်သူ စောပြည် သျှင် နဲ့ သားဖြစ်သူ မြတ်လင်းဇံတို့ဟာ ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်းတိုးရင်း ဒီဇင်ဘာ ၆ ရက် (ဒီနေ့) မှာ ထိုင်း အစိုးရရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ရခိုင် အသိုင်းအဝိုင်းဘက်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးများကို ထိုင်းမှာဖမ်းဆီး

B B C 

ဘီဘီစီ မြန်မာပိုင်း
06 ဒီဇင်္ဘာ 2019

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဇနီးနဲ့ သားသမီးများ အဖမ်းခံရ 

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ ၊ သမီးဖြစ်သူ စောပြည်သျှင် နဲ့ သားဖြစ်သူ မြတ်လင်းဇံတို့ကို ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်းတိုးရင်း ထိုင်းအစိုးရက ဖမ်းဆီးလိုက်တယ်လို့ ရခိုင် အသိုင်းအဝိုင်းဘက်က သတင်းရရှိပါတယ် ။

Monday, October 21, 2019

AA စစ်ဦးစီးချုပ်၏ ယောက်ဖကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီး အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် အမှုဖွင့်

7Day Daily
By ငြိမ်းချမ်း, .အောင်ဇော်ထွန်း
Sunday, October 20, 2019

ရခိုင်လက်နက်ကိုင် အဖွဲ့(AA)စစ်ဦးစီးချုပ်၏ယောက် ဖကိုကျော်နိုင်ကို ထိုင်းမှပြန်လာ စဉ် ရန်ကုန်လေဆိပ် တွင် ဖမ်းဆီး ပြီး  မရမ်းကုန်းမြို့နယ်ရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မသုံးခုဖြင့် အမှုဖွင့် ထား သည်။

အောက်တိုဘာ ၁၉ရက်တွင် ထိုင်းနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော ကိုကျော်နိုင်ကို သတင်းရဲ တပ်ဖွဲ့က ဖမ်းဆီးပြီး အ ကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊(ခ)၊(ဂ)တို့ဖြင့် မရမ်းကုန်းမြို့နယ် ရဲစခန်း၌  အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Sunday, October 20, 2019

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမနဲ့ယောက်ဖ ရန်ကုန်လေဆိပ်မှာအဖမ်းခံရ

RFA  
မြန်မာဌာန
နေရိန်ကျော်
2019-10-19
AA ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ၂၀၁၉၊ ဧပြီ ၁၄ ရက်နေ့က ကျင်းပတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့် အခမ်းအနားအကြို ညစာစားပွဲမှာ တွေ့ရစဉ်
Photo: Kan Thar and Thiha Tun/ RFA 
 
မြန်မာ့တပ်မတော်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ AA ရခိုင့်တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမ၊ ယောက်ဖနဲ့ သူတို့ရဲ့ လေးနှစ်အရွယ်သမီးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာလ ၁၉ ရက်၊ မနေ့ နေ့လယ် ၂ နာရီလောက်က ဖမ်းလိုက်ပါတယ်။ 

Friday, June 14, 2019

တပ်မတော် သဘောထားတင်းမာလျှင် ဆွေးနွေးပွဲ ထိခိုက်နိုင်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

ဧရာဝတီ
 By နန်းလွင်နှင်းပွင့်
14 June 2019

ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ကျော်ခ / ဧရာဝတီ

ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တခု သဘောတူ ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းနေရာ တပ်မတော် ဘက်မှ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အပေါ် သဘောထား တင်းမာမှုများ ရှိနေသဖြင့် ဆွေးနွေးမှုတွင် အခက်အခဲများ ရှိနိုင်သည်ဟု ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီကို ပြော သည်။

Wednesday, May 22, 2019

AA ရခိုင်လက်နက်ကိုင် လူမျိုးရေးအမုန်းတရား လက် မခံ - AA စစ်ဦးစီးချုပ်

VOA
ဗွီအိုအေ (မြန်မာဌာန
22 ဧပြီ၊ 2019
ကိုမိုးဇော်
 ဗိုလ်ချုပ် ထွန်းမြတ်နိုင်(လယ်) (ဧပြီ၊ ၁၆၊ ၂၀၁၉) 

 ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဟာ ရခိုင်၊ ဗမာ လူမျိုးရေး အမုန်းတရားပေါ် အခြေခံတဲ့ အဖွဲ့အစည်း မဟုတ်ကြောင်း ULA/AA ရဲ့ ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း မြန်မာ့တပ်မတော် နဲ့ AA အဖွဲ့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကွန်ရက်တွေပေါ်မှာလည်း လူမျိုးရေးအရ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။ တဆက်တည်းမှာပဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လက်ရှိအချိန်ထိ သိသာမြင်သာတဲ့ တိုးတက်မှုမရှိကြောင်း AA ခေါင်းဆောင်က ပြောပါ ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ပေးပို့ထားပါတယ်။

Sunday, April 28, 2019

ရခိုင်စစ်မီး ဘာကြောင့် ကြီးထွားလာသလဲ - အေအေ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ မေးမြန်းခန်း

B B C
ဘီဘီစီ မြန်မာပိုင်း
Published on Apr 23, 2019


ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ တို့အကြား စစ်ရေးအရှိန်မြင့် တက် လာနေပါတယ်။ ရခိုင်ပြည်နယ်က စစ်မီး ဘာကြောင့် အရှိန်မြင့်တက်နေရတာလဲ။ နောက်ပြီး အာဆာနဲ့ ရိုဟင်ဂျာအကျပ်အတည်းအပေါ် အေအေက ဘယ်လို ရှုမြင်သလဲ၊ ဘယ်လို ဖြေရှင်းမလဲ … စတာတွေကို ဘီဘီစီအကြီးတန်းသတင်းထောက် စောရန်နိုင်က အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ပန်ဆန်းမြို့မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

Thursday, April 18, 2019

ငြိမ်းချမ်းရေး ဆိုတာက ဆုတောင်းနေလို့ မရဘူး

DVB
DVB TVnews
Published on Apr 17, 2019

အေအေအနေနဲ့ ထိုးစစ်တွေမလုပ်ဖို့ တရုတ်နိုင်ငံရဲ့မြန်မာအထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပြီး အစိုးရချင်း ဆက်ဆံရေးကြောင့် ဒါဟာသတင်းမှန်တွေမဟုတ်ဘူးလို့ အေအေစစ်ဦးစီးချုပ်ကပြန်လည်ပြောဆိုခဲ့ပါတယ်။ အောင်သူ သတင်းပေးပို့ထားပါတယ်။ 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */