Showing posts with label ရာဇဝတ်မှု. Show all posts
Showing posts with label ရာဇဝတ်မှု. Show all posts

Saturday, January 25, 2025

ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိခြင်းမှာ အနာဂတ်ငြိမ်းချမ်းရေးအတွက် အရေးကြီးကြောင်း မြန်မာယန္တရားအကြီးအကဲမှ ဘင်္ဂလားဒေ့ရှ်ခရီးစဥ်အတွင်းပြောကြား

INDEPENDENT INVESTIGATIVE
MECHANISM FOR MYANMAR


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းမှုယန္တရား



ဒါကာ/ဂျီနီဗာ၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၂၅ ခုနှစ် - ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိရေးသည် ၎င်းတို့မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ နေရပ်သို့ပြန်နိုင်ရေးနှင့် အနာဂတ်ငြိမ်းချမ်းရေးအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေးရေး ယန္တရား၏ အကြီးအကဲဖြစ်သူ နီကိုလတ်စ်ခွန်ဂျန် မှ ၎င်း၏ ဘင်္ဂလားဒေ့ရှ်သို့ ၅ ရက်ကြာ တရားဝင်ခရီးစဥ်အပြီးတွင် ပြောကြားခဲ့ပါသည်။

ရိုဟင်ဂျာတွေအတွက်တရားမျှတမှု ငြိမ်းချမ်းရေးအတွက် အရေးကြီး (IIMM)

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၅ ဇန်နဝါရီ၊ ၂၀၂၅

ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ဈေးတခုကိုတွေ့ရစဉ် (ဇွန် ၂၅၊ ၂၀၂၄)

ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တရားမျှတမှုရှိဖို့လုပ်ဆောင်တာဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ အနာဂတ်ငြိမ်းချမ်းရေး အတွက် သိပ်အရေးပါတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲ Nicholas Koumjian ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရှိရာ ဘင်္ဂလာဒေ့ရှ် ၅ ရက်ခရီးစဉ် အပြီးမှာ ပြောကြားလိုက်ပါတယ်။

Tuesday, August 13, 2024

စစ်ကောင်စီ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း IIMM အစီရင်ခံစာထုတ်ပြန်

RFA
RFA Burmese
2024.08.13
 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) United Nations 


နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

Wednesday, October 25, 2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်းရာဇဝတ်မှုတွေတိုးလာကြောင်း IIMM အစီရင်ခံ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၄ အောက်တိုဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံတွေအပေါ် ရက်စက်ညှဉ်းပန်းမှုတွေအပါအဝင် ရာဇဝတ်မှုတွေ ဗြောင်ကျကျ နေရာအနှံ့ ကျုးလွန်လာတာ တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM က ပြောဆိုပါတယ်။

Saturday, January 28, 2023

ဂျာမနီနိုင်ငံ အနေနဲ့ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေကို စစ်ဆေးအရေးယူပေးဖို့ NUG တိုက်တွန်း

မဲခေါင် သတင်း
28 Jan - 2023

မဲခေါင်၊ ဇန်နဝါရီ ၂၈ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်မှစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်ဆေး အရေးယူနိုင်ဖို့ ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အလေး ထား ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မနေ့က တိုက် တွန်းလိုက်ပါတယ်။
စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်မှစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်ဆေး အရေးယူနိုင်ဖို့ ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မနေ့က တိုက်တွန်းလိုက်ပါတယ်။

Tuesday, December 17, 2019

မြန်မာစစ်အရာရှိတွေ ရာဇဝတ်မှုကျူးလွန်တယ်လို့ ပြောဖို့ စောသေးကြောင်း ICC ရှေ့နေပြော

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 ဒီဇင်ဘာ၊ 2019
ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda 
 
မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေ အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံ တကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC တရားသူကြီးတွေက မကြာခင်က စုံစမ်းခွင့် ပြုထားပြီး ဖြစ်ပေ မယ် လို့လည်း ဒီအရေးမှာ မြန်မာ စစ်တပ် အကြီးအကဲတွေ ပါဝင် ပတ်သက်သလားဆိုတာကတော့ ပြောဖို့ စောလွန်းနေသေးတယ်လို့ ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda က France 24 နဲ့ သီးသန့် တွေ့ဆုံ မေးမြန်း မှု အတွင်း ပြော ဆိုသွားပါတယ်။

Thursday, November 14, 2019

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့ ICC ခွင့်ပြု

B B C
ဘီဘီစီ မြန်မာပိုင်း
14 နိုဝင်္ဘာ 2019
မြန်မာနိုင်ငံထဲ ရိုဟင်ဂျာမွတ်ဆလင်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးပိုင်ခွင့် နိုင်ငံ တကာ ရာဇဝတ် ခုံရုံး ICC က နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့မှာ ခွင့်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ကြောင်း ယုံကြည် လောက် ဖွယ် အထောက်အထားတွေ ရှိနေတယ်လို့ သဟေ့ဂ်မြို့ အခြေစိုက် ICC ခုံရုံးက ပြောပါတယ်။

Friday, March 15, 2019

လူ့အခွင့်အရေးချိုးဖောက်မှုများ စုံစမ်းဖော်ထုတ်အရေး ယူဖို့ ကုလကော်မရှင် ခြေလှမ်းပြင်ဆင်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-15
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ၂ဝ၁၈ အောက်တိုဘာလ ၂၄ ရက်နေ့က လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီဒါရုစ်မန်း အစီရင်ခံတင်ပြစဉ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM အနေနဲ့ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက နိုင်ငံတကာရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုး aဖာက်မှုတွေ ကျူးလွန်ခဲ့ခြင်းရှိမရှိကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဒီတွေ့ရှိချက်တွေကို ၂ဝ၁၉ စက်တင် ဘာလ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တင်ပြအစီအရင်ခံသွားမယ်လို့ FFM အဖွဲ့က မနေ့က ကြေညာ ချက် ထုတ်ပြန်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */