Myanmar Now
ကိုချို
November 20, 2023
ပြီးခဲ့သည့်လက တရုတ်အစိုးရ၏ အာရုံစိုက်သဘောကျစေရေးအတွက် တ ရုတ်နှင့် မဟာပြိုင်ဘက် အမေရိကန်အစိုးရကို အမည်တပ်ကာလူ သိရှင် ကြား ဝေဖန်ခဲ့သည့် စစ်ကောင်စီသည်ယခုလတွင်တော့တရုတ်မုန်းတီးရေး လှုပ် ရှားမှုကို ထပ်မံအသက်သွင်းပြန်သည်။
သီတင်းပတ်အနည်းငယ်အတွင်း ရာနှင့်ချီသော စစ်စခန်းများဆုံးရှုံးခဲ့ပြီးနောက် မြောက်ပိုင်း မဟာ မိတ် သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကို ပြည်ပမှ စွက်ဖက်နေသည်ဟု ဝါဒဖြန့်ချိနေသည့် အာဏာ သိမ်းစစ်တပ်က “ကျူးကျော်စစ်” ဟု စတင်တံဆိပ်ကပ်လိုက်သည်။