" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒုက္ခသည်ပြန်ပို့ရေး. Show all posts
Showing posts with label ဒုက္ခသည်ပြန်ပို့ရေး. Show all posts

Wednesday, November 27, 2019

ဒုက္ခသည်လက်ခံရေး အစီအစဉ်ကြန့်ကြာမှု ဘင်္ဂလားဒေ့ရှ် ကို အပြစ်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
27 နိုဝင်ဘာ၊ 2019
မေခ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းတွေ နှောင့်နှေးကြန့် ကြာနေရတာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပျက်ကွက်မှုကြောင့်ဖြစ်တယ်လို့မြန်မာနိုင်ငံခြားရေးအကြီးတန် အရာရှိ တဦးက ဝေဖန်လိုက်ပါတယ်။

တဘက်မှာတော့ ဒုက္ခသည်ပြန်ခေါ်ရေးမှာ ဒုက္ခသည်တွေဘက်က ယုံကြည်အားကိုးလောက်တဲ့ လုပ်ရပ်မျိုး တွေကို မြန်မာဘက်က လုပ်ဆောင်ဖို့လိုမယ်လို့ အကြံပြုကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် နောက်ဆုံးအခြေအနေတွေကို မေခ စုံစမ်းမေးမြန်းထားပါတယ်။

Saturday, July 27, 2019

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ နေရပ်ပြန်လာ ရေး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ သွားရောက် ရှင်းပြ

RFA
လွတ်လပ်တဲ့ အာရှအသံ  
2019-07-27


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP
                                       
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို မနေ့ကရောက်ရှိပြီး ဒီနေ့မှာတော့ ကော့ဆက်ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

Friday, June 28, 2019

ဒုက္ခသည်တွေ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အပြန် အလှန်ပြောဆိုမှုများ

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-06-27


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်း။
Photo: AFP
                                    

ဒုက္ခသည်တွေကို ပြန်ပို့နိုင်ဖို့ ရခိုင်ပြည်နယ်မှာ နေနိုင်တဲ့ အခြေအနေ လုပ်မထားဘဲ လက်ခံဖို့ အချိန်ဆွဲ ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောပေမယ့် မြန်မာနိုင်ငံကတော့ လက်ခံဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။ သဘောတူညီချက်အတိုင်းဆိုရင် မိမိသဘောဆန္ဒအလျောက်ပြန်လာရမယ်လို့ ပါရှိပါတယ်။

အဲဒီလို ပြန်လာရမယ့် နောက်ကွယ်က အကြောင်းအရာတချို့ကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် စု စည်းတင်ပြထားပါတယ်။ 

လင့်၊ https://www.rfa.org/burmese/program_2/rohingya-06272019154925.html

Wednesday, March 6, 2019

ဒုက္ခသည်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်က အမေရိကန်ထံ အကူအညီတောင်း

ဧရာဝတီ
By Muktadir Rashid 6 March 2019

ဘင်္ဂ္လားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အားလ် မိုင်လာနှင့် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမာ ရာမန် တို့ မတ်လ ၃ ရက်နေ့က တွေ့ကြသည် / U.S. Embassy in Dhaka

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားတွင် ခိုလှုံနေသော မြန်မာနိုင်ငံမှ ဒုက္ခသည် တသန်းကျော်ကို ပြန်လည် ပို့ ဆောင်ရေးအတွက် နည်းလမ်း ကူညီရှာဖွေပေးရန် အမေရိကန် ပြည်ထောင်စုအား ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမာ ရာမန်က မတ်လ ၃ ရက်နေ့က ပြောသည်။


/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */