Showing posts with label Fact Finding Mission. Show all posts
Showing posts with label Fact Finding Mission. Show all posts

Tuesday, March 19, 2019

ရခိုင်အရေး မြန်မာစစ်ဘက် စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စည်းမှု HRW ဝေဖန်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်၊
19 မတ်၊ 2019
 A police officer guards near a house which was burnt down during the last days of violence in Maungdaw, northern Rakhine State, Myanmar August 30, 2017. 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း စွပ်စွဲရေးသားထားတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတ ကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ထပ်မံ စိစစ်ဖို့မြန်မာစစ်တပ်က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး ကို အယုံအကြည် လုံးဝမရှိကြောင်း နယူးရောက်အခြေစိုက် HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

Monday, March 18, 2019


VOA
ဗွီအိုအေ (မြန်မာဌာန)



၂၀၁၇ ခုနှစ်ကစတဲ့ ရခိုင် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ထပ်မံ စီစစ် အတည်ပြုနိုင်ဖို့ ဆိုပြီး မြန်မာစစ် တပ်က အဖွဲ့ဝင် ၃ ဦးပါ စုံစမ်းစစ်ဆေးရေး ခုံရုံးကို ဖွဲ့စည်းလိုက်ပြီး စတင် စစ်ဆေးမှုတွေ လုပ်မယ်လို့ တပ်မ aတာ် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့ ၃ ဦးပါအဖွဲ့ကို “ခုံရုံး” ဆိုတဲ့ အမည်တပ်ထားပေမယ့် ဘယ်လို လုပ်ပိုင်ခွင့်နဲ့ ဘယ်လောက် ကိုင်တွယ် ဆောင်ရွက်မလဲဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိသလို၊ ဒါနဲ့ပတ်သက်လို့ တပ်မတော် ပြောခွင့်ရသူတွေကိုလည်း ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */