နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး (၂၀၁၉ ဇန်န၀ါရီ ၇ ရက်နေ့)
မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင်အဖွဲ့ AA တွေအကြား ဒီရက်ပိုင်း
တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပေ မယ့် လည်း AAအဖွဲ့နဲ့
ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အမြဲတမ်း လမ်းဖွင့်ထားတယ်လို့
နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။
ကျောက်တော်ဒေသဘက်မှာ ပစ်ခတ်မှုတချို့ ရှိခဲ့သလို၊ ရသေ့တောင်မြို့နယ်မှာလည်း
မနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦး
ပျောက်ဆုံးနေတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ဘက်က
နောက်ဆုံး အခြေအနေကို ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။