မတ် ၈၊ ၂၀၂၀
စနေနေ့ကတွေ့ရသည့် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု တားဆီးရေးအတွက် မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို ပိုး သတ်သန့်ရှင်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း စနေနေ့မှာ ဆော်ဒီအာဏာပိုင်တွေက ပြန်ဖွင့်ပေးခဲ့ပေမယ့် ကန့်သတ်မှုတစ်ချို့ လုပ်ဆောင်ထားပါတယ်။
ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ အွမ္မရာ ဘုရားဖူးခရီး လာရောက်မှုကို ဆော်ဒီက ပြီးခဲ့တဲ့တစ် ပတ် ကနေစပြီး တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာဗလီ ဝတ်ကျောင်း တော်တွေ၊ ဇမ်ဇမ်ရေတွင်းတွေကို ပိုးသတ်သန့်ရှင်းမှုတွ ပြုလုပ်ခဲ့တာပါ။