" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လုံခြုံရေးအာမခံချက်. Show all posts
Showing posts with label လုံခြုံရေးအာမခံချက်. Show all posts

Friday, March 24, 2023

နေရပ်ပြန်လိုသည့် ရိုဟင်ဂျာများ လုံခြုံရေးအာမခံချက် တောင်းဆို

Myanmar Now
Published on Mar 24, 2023
ပိုးဥ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများက နေရပ်ရင်းတွင် နေထိုင်လိုသည်၊ လုံခြုံရေး၊ အသိအမှတ်ပြုရေး၊ တန်းတူအခွင့်အရေးများ ရလိုသည်ဟု စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောပြခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ကူတူပါလောင်ဒုက္ခသည်စခန်းကို ၂၀၁၇ နိုဝင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ED JONES/AFP via Getty Images)


ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာများက နေရပ်ပြန်ရေးအတွက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီကိုယ် စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြန်ရောက်လျှင် အသက်အန္တရာယ်လုံခြုံမှုအတွက် အာမခံချက်ပေးရေး အပါအဝင် အချက် ၄ ချက် တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦး ဦးဆောင်သော ၁၇ ဦးပါ အဖွဲ့နှင့် တက္ကနာမြို့ (Taknaf) တွင် မတ် ၁၅ မှစ၍ ရက်သတ္တပတ် တစ်ပတ်ကြာ တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခြင်း ဖြစ်သည်ဟု ဆို သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */