Showing posts with label WY. Show all posts
Showing posts with label WY. Show all posts

Friday, August 9, 2019

ရသေ့တောင်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် မှာ WY ဆေးပြားတွေနဲ့ လက်နက်တွေ သိမ်းဆည်းရမိ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-08-09

တပ်မတော်က သတင်းထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာ မြေပုံကို တွေ့ရစဉ်  ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာ အုပ် ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ နေအိမ်မှာ WY စာတန်း ပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ သန်း ၅ သိန်းခန့် (ကျပ် ၅ ဘီလီယံခန့်) အပါအဝင် လက်နက်ခဲ ယမ်း တွေ ဖမ်း ဆည်းရမိခဲ့ တယ်လို့ တပ်မတော်က သတင်းထုတ် ပြန် ပါတယ်။

မနေ့က သြဂုတ်လ ၈ ရက်နေ့မနက်ပိုင်းက တပ်မတော် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ သတင်းအရ ဝင်ရောက်စစ် ဆေး တာဖြစ်ပြီး ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရာမှာသုံးတဲ့ ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘော စေ့တွေရောထားတဲ့ ယမ်းထုတ် တစ်ပိဿာခန့် ၂ ထုပ်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်း ဆည်းရမိခဲ့ကာ တရားခံနဲ့ မိသားစုဝင် ၅ ဦးတို့ကတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဖော်ပြထား ပါ တယ်။
အဲဒီရွာဟာ AA အဖွဲ့ဝင်တွေ မကြာခဏ ခိုလှုံနေတယ်လို့သတင်း ရရှိထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လည်း AA ရဲ့ မြေပေါ်အမာခံတစ်ဦးဖြစ်ကြောင်း၊ တပ်မတော် စစ်ကြောင်းတွေကို အကြိမ်ကြိမ် မိုင်းဆွဲ တိုက် ခိုက်နေသူ တစ်ဦးဖြစ်ကြောင်း စွပ်စွဲထားပါတယ်။

Monday, March 26, 2018

( 26.03.2018 ) ငွေကျပ်သိန်းပေါင်း ၁၉၄၈၈ တန်ဖိုးရှိ WY/R စာတန်းပါ စိတ်ကြွရူး သွပ်ဆေးပြား ၆၄၉၆၀၀ ပြား ဖမ်းဆီးရမိ ( အင်္ဂလိပ် - မြန်မာ )


ငွေကျပ်သိန်းပေါင်း ၁၉၄၈၈ တန်ဖိုးရှိ WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၉၆၀၀ ပြား ဖမ်းဆီးရမိ

မတ် ၂၆၊၂၀၁၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်း၌ ရေချမ်းပြင်မှ ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ် ကမ်းသို့ သွားရောက်မည့် မေယုဘုရင် ဇက်ရေယာဉ်ပေါ်ရှိ မော်တော်ယာဉ် တစ်စီးပေါ်၌ တင်ထားသည့် SCG ဆင်တံဆိပ် ဘိလပ်မြေအိတ်များအတွင်းမှ ငွေကျပ်သိန်းပေါင်း ၁၉၄၈၈ တန်ဖိုးရှိ WY/R စိတ်ကြွ ရူးသွပ်ဆေးပြား ၆၄၉၆၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */