Showing posts with label အဇာဘိုင်ဂျန်. Show all posts
Showing posts with label အဇာဘိုင်ဂျန်. Show all posts

Thursday, June 2, 2022

အာမေနီးယားနဲ့ အဇာဘိုင်ဂျန်တို့ နဂိုနို - ကာရာဘတ် နယ်မြေ အပစ်ရပ်ဆွေးနွေးရေး လက်မခံ

BBC
၁ အောက်တိုဘာ ၂၀၂၀

နဂိုနို - ကာရာဘတ်မှာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့နောက်ပိုင်း အဆိုးဆုံးသော တိုက်ပွဲတွေပြန်ဖြ‌စ် နေနေ

ဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့ နယ်မြေ အငြင်းပွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်တွေ အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားနေတာကို အပစ်ရပ်ဆွေးနွေးရေး အင်အားကြီး နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို နှစ်နိုင်ငံစလုံးက လက်မခံဘဲ ရှိနေပါတယ်။

ဥရောပ အရှေ့တောင်ပိုင်းက နဂိုနို - ကာရာဘတ် ဒေသအရေး တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန်၊ ပြင်သစ် နဲ့ ရုရှားတို့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒါပေမဲ့ အဇာဘိုင်ဂျန်ရဲ့ မဟာမိတ် တူရကီကတော့ အပစ်ရပ်ဖို့ တောင်းဆိုတာတွေကို ပယ်ချပါတယ်။

Thursday, November 7, 2019

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အပေါ် သံအမတ်ကြီးကို ဆင့်ခေါ်ကာ မြန်မာကန့်ကွက်

7Daily News
By ထက်အာကာကျော်
Tuesday, November 5, 2019


 ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို နေပြည်တော်သို့ ဆင့်ခေါ် ကန့်ကွက်ခဲ့သည်။

မြန်မာနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်ဦးစိုးဟန်သည် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury ကို နိုဝင်ဘာ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့ ကြောင်း အဆိုပါ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */