" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘုမေကျေးရွာ. Show all posts
Showing posts with label ဘုမေကျေးရွာ. Show all posts

Sunday, April 21, 2024

စစ်တွေမြို့နယ်က ရိုဟင်ဂျာ ၈၀ နီးပါး စစ်မှုထမ်းဖို့ ထပ်မံခေါ်ဆောင်ခံရ

RFA
RFA Burmese
2024.04.21

စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်တွေမြို့နယ်မှာ ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်ဒီနေ့အထိ ဘုမေကျေးရွာ၊ ဘာဆာရာကျေးရွာနဲ့ အဲဒီရွာတွေအတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်း (IDP Camp) တွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ရှစ်ဆယ်နီးပါးကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က ဖိအားပေးပြီး ခေါ်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

Saturday, May 20, 2023

မုန်တိုင်းသင့် ရိုဟင်ဂျာများ အကူအညီ အချိန်မီမရ၊ သေဆုံးမှု တိုးလာနိုင်

Myanmar Now
ပိုးဥ ကိုချို
May 20, 2023

မုန်တိုင်းကြောင့် အစားအသောက်ခက်ခဲနေပြီး အုန်းဦးနှောက် ခေါ် အုန်းပင်အဖျားပိုင်းရှိ အသားနုကို စားသုံးနေသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ − Myanmar Now)

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဒုက္ခသည်စခန်း များတွင် မုန်တိုင်းဖြစ်ပြီး ၆ ရက်ကြာသည်အထိ ကယ်ဆယ်ရေး မဝင်ရောက်နိုင်သေးဘဲ အချိန်မီ အကူအညီမရ ပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ဒေသခံများနှင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ အဓိကဝင်ပေါက်ဖြစ်သည့် သဲချောင်းတံတားအနီး ဘုမေကျေးရွာအုပ်စု၊ ဆီတာ ဒဲက်ကျေးရွာတွင် မည်သည့်အကူအညီမျှ မရရှိသေးဟု ထိုကျေးရွာတွင် နေထိုင်သည့် ကိုချစ်ဆွေက မေ ၁၉ က Myanmar Now ကို ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */