မင်း သေ့
February 29 at 4:36 AM ·
❝ အောင်ဆန်းစုကြည်မှ ထွန်းမြတ်နိုင်သို့ ❞
.png)
၂၀၂၁ စစ်အာဏာသိမ်းမှုဟာ၊ မြန်မာ့လူ့အဖွဲ့အစည်းကို အကြီးအကျယ် လှုပ်ရမ်းပစ်နိုင်ခဲ့ပါတယ်။ အဲသည့် အလှုပ်အရမ်းတွေထဲမှာ၊ “အိုက်ဒေါ - အပြောင်းအလဲ” ဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့ လူထုတွေထဲမှာ လူငယ်ထုရဲ့ ထက်သန်ပြင်းပြမှုဟာ အင်မ တန် အံ့ဩစရာ ကောင်းခဲ့ပါတယ်။ ဒီထက်သန်ပြင်းပြမှုကို ရိုက်ချိုးဖို့အတွက်၊ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ဦးကျိုးအောင် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ဦးမကျိုးဘဲ ခေါင်းထောင်ဖို့အတွက် မြန်မာလူငယ်တွေဟာ နည်း နာ နိဿယကို ပြောင်းလဲခဲ့ကြတယ်။ အဲဒါကတော့ အကြမ်းမဖက်လူထုတော်လှန်ရေးနည်းမှသည် လက်နက်ဆွဲကိုင်တော်လှန်တဲ့ လက်နက်ကိုင်လမ်းစဉ်အဖြစ် လှည့်ပြောင်းခဲ့ကြပါတယ်။