Michael W. Charney | Click here for the English language version of this article.
စာတမ်းအကျဉ်း
ဤဆောင်းပါးတွင် အဓိကသုတေသနတွေ့ရှိချက်နှစ်ခုကိုဖော်ပြထား ပါသည်။ ပထမအချက်မှာ ကိုလိုနီပြုခြင်းမှမြစ်ဖြားခံလာခဲ့သော အရှေ့တောင်အာရှဒေသလေ့လာရေးနယ်ပယ်သည်ခေတ်ပြိုင်နိုင်ငံများနှင့် သုတေသီများ၏ ရိုဟင်ဂျာ၊ ရခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုများချဉ်းကပ်ပုံကိုလွှမ်းမိုးထားခြင်းဖြစ်သည်။ ဒုတိယအချက် မှာ ရိုဟင်ဂျာများကို ဗြိတိသျှကိုလိုနီခေတ်က ရခိုင်သမိုင်းမှ သမိုင်း ကြောင်းအရ ဖျောက်ဖျက်ခံခဲ့ရပြီး ယင်းဖျောက်ဖျက်ခံခဲ့ရမှုသည် စစ်အေးကာလအတွင်းနှင့် စစ်အေးတိုက်ပွဲအပြီးတွင် အမေရိကန်ပညာရပ်အဝန်းအဝိုင်းမှ ဦးဆောင်သောအရှေ့တောင်အာရှဒေသလေ့လာရေး နယ်ပယ်၏အားဖြည့်ပေးမှုဖြင့် ဆက်လက်တည်ရှိနေခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ရှိ နိုင်ငံများသည် ကိုလိုနီ နည်းကျတည်ဆောက်ခဲ့သည့်အသိပညာအဆောက်အအုံကိုကိုစနစ်တကျဖြို ဖျက်ရမည်ဖြစ်ပြီးယင်းနိုင်ငံများ၏အစိုးရများသည်လဲ ကိုလိုနီခေတ် အုပ်ချုပ်ရေးအဆင်ပြေစေရန်ဖန်တီးတည်ဆောက်ခဲ့သည့်မူဝါဒများကို ဖယ်ရှားနိုင်မှသာဤကဲ့သို့သောပြဿနာများမှလွတ်မြောက်နိုင်မည်ဖြစ်သည်။











Rohingya refugees at a camp near Amtoli, Bangladesh, in 2017.Credit...Adam Dean for The New York Times




