" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စကစ ဗုံးကြဲ. Show all posts
Showing posts with label စကစ ဗုံးကြဲ. Show all posts

Tuesday, March 19, 2024

မင်းပြားတွင် ညအချိန် လေကြောင်းမှ ဗုံးကြဲ၍ ၂၁ ဦးအထိသေဆုံး

Myanmar Now
ခင်ငြိမ်းချမ်း မိုးဦး
March 18, 2024
 


သာဒါရွာကို ဗုံးနှစ်လုံးကြဲချစဉ် ရွာခံ ၉ ဦးနှင့် ဆင်ကြီးပြင်ဆိုသောရွာမှ စစ်ရှောင်ရောက်နေသူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး ပွဲချင်းပြီးသေဆုံးသည်။

ယနေ့ (မတ် ၁၈) နံနက်အစောပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂၁ ဦးအထိ သေ ဆုံး ပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရသည်ဟု သိရသည်။

Monday, March 18, 2024

မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ ၂၃ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.17

လေကြောင်းမှ ဗုံးကြဲခံရသည့် မင်းပြားမြို့နယ် သာဒါကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်က တွေ့ရစဉ်။
Telegram/ Arakan Princess Media

 
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက် ဒီနေ့ မနက်တစ်နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက RFA ကိုပြောပါတယ်။

မင်းပြားမြို့ ရိုဟင်ဂျာရွာကို စစ်တပ်ဗုံးကြဲ၊ ၂၃ ဦး သေဆုံး

ဧရာဝတီ
မင်းပြားမြို့ သာဒါကျေးရွာ ဗုံးကြဲခံရ၍ ပျက်စီးသွားသည့် နေအိမ်များ/ APM

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရိုဟင်ဂျာများနေထိုင်သော သာဒါကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ ရွာသား ၂၃ ဦး သေဆုံးပြီး၊ ၃၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */