သမိုင်းအတွေ့အကြုံ
Image by © Bettmann/CORBIS
၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင် လွတ် လပ်ရေးရခဲ့ပြီးနောက် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်မှာ သမ္မတစဝ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် ဦးနု တို့ ဖြစ်သည်။
လွတ်လပ်ရေးရပြီးနောက် အာဏာရဖဆပလအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးအ ကွဲအပြဲများစွာ ကြုံတွေ့ခဲ့ရပြီး ၁၉၄၈ မတ် ၂၈ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) တောခိုခဲ့သည်။
ဗကပပါတီ တောခိုမှုနှင့်အတူ ရဲဘော်ဖြူအဖွဲ့လည်း တောခိုခဲ့ပြီး ဖဆပလအစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်၊ ကချင်၊ ကယား၊ မွန်၊ ပအို့ဝ်၊ ရခိုင်တို့၏ တော်လှန်မှုများသာမက ရခိုင်ပြည်နယ်တွင်လည်း မူဂျာဟစ်တို့၏ ပုန်ကန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။