Showing posts with label ဒီဗွီဘီ. Show all posts
Showing posts with label ဒီဗွီဘီ. Show all posts

Saturday, February 22, 2020

နိုင်ငံရေး လုပ်နေမှတော့ အရေတော့ ထူရမှာပေါ့ – ဒေါက်တာနန္ဒလှမြင့်

DVB
အောင်ကိုကိုလတ် (နေပြည်တော်)
21 February 2020
နိုင်ငံရေးလုပ်နေမှတော့ ဝေဖန်မှုတွေကို အရေထူနေမှရမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာနန္ဒလှမြင့်က ပြောပါတယ်။

နေပြည်တော်၊ ရတနာသိင်္ဃဟိုတယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့အချုပ်အခြာ အာဏာကို ထိပါးမယ့် ICJ အရေး၊ ရိုဟင်ဂျာလူမျိုး ရှိ/မရှိ အစိုးရရဲ့ ပြတ်သားတဲ့ အဖြေနဲ့ ရွေးကောက်ပွဲကော် မရှင်ရဲ့ ပြောကြားချက်တွေကို ပြန်လည်ဖြေရှင်းပေးဖို့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

Friday, December 13, 2019

ICJ တွင်မြန်မာကိုတရားစွဲထားမှုပယ်ဖျက်ပေးရန်ဒေါ်အောင် ဆန်းစုကြည်တောင်းဆို

DVB
By DVB
13 December 2019
လူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာသဘောတူညီချက်ကို ဖောက်ဖျက်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအ ပေါ် တရားစွဲထားတဲ့အမှုအား ဖယ်ရှားပယ်ဖျက်ပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပတဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားတဲ့ အမှုကိစ္စ ဒုတိယအကြိမ် နှုတ်နဲ့ လျှောက်လဲရာမှာ ဒေါ်အာင်ဆန်းစုကြည်က အိုင်စီဂျေ တရားသူကြီးတွေကို တိုက်တွန်းပန်ကြားလိုက်တာပါ။

Monday, December 9, 2019

ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ

DVB
By DVB
9 December 2019
၂၁ ရာစု၏ ပထမဆုံးသော ဂျီနိုစိုက်အမှုကို မြန်မာပြည် ဖြေရှင်းရတော့မည်။ ICJ ၌ ဂမ်ဘီယာက မြန်မာ အပေါ် စွဲချက်တင်ခဲ့သည့် Lawsuit တွင် ရိုဟင်ဂျာများအားအပါ် ဂျီနိုစိုက် ကျူးလွန်ခြင်း၊ ပူးပေါင်းကြံ စည် ခြင်း၊ အမုန်းဖန်တီးပြီး၊ ပါဝင်ပက်သက်ခြင်း၊ ကြံရာပါအသွင် တရားမမျှတခြင်း၊ ရပ်တန့်အောင် မကြိုးစား သလို ကျူးလွန်သူများအား အပြစ်ပေးရန် ပျက်ကွက်ခြင်း စသည့် ကုလ Genocide Convention ပဋိညာဉ် ခံဝန်ကတိ Article-I, III, IV, V, VI တို့အား ချိုးဖောက်ကြောင်း ပါဝင်သည်။ မြန်မာတိုင်းရင်းသား အဖွဲ့ အစည်းအချို့ဘက်ကလည်း ဂမ်ဘီယာ စွဲဆိုချက်ကို ထောက်ခံသည့် ကြေညာချက်များ ဆက်လက် ထွက် ပေါ်လာသည်။

Thursday, December 5, 2019

ICJ အရေး ရင်ဆိုင်ဖြေရှင်းမှု အစိုးရ၏ တာဝန်ယူမှု၊ တာဝန် ခံမှုကို ပြသခြင်းဟု အပစ်ရပ် ၁၀ ဖွဲ့ ထုတ်ပြန်

DVB
By နော်နိုရင်း
5 December 2019
-အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို  ရင်ဆိုင်ဖြေ ရှင်း တာဟာ အစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသတာဖြစ်ပြီး အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ် တာလို့ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ထုတ်ပြန်လိုက် ပါတယ်။

Monday, December 2, 2019

ရိုဟင်ဂျာဒုက္ခသည်များနေရပ်ပြန်ရေး နောက်ဆုံးအခြေ အနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဒီဇင်ဘာ၊ 2019
စုစု
နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ၊ ၀၂၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက် အစိုးရတာဝန်ရှိသူတွေက အစီအ စဉ် ဆွဲဆောင်ရွက်နေကြပေမယ့်လို့ နှစ်ဘက် သဘောတူညီချက် အစီအစဉ်အရ ပြန်လည်ဝင်ရောက်သူ

တွေ ဒီနေ့အထိ မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာကြတဲ့ ဒုက္ခသည် အရေအတွက်ကတော့ ၄၀၀ ကျော်လာပါပြီ။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အခြေအနေနဲ့ ပတ် သက် လို့ စုစု မေးမြန်းသတင်းပေးပို့ထားပါတယ်။

Friday, November 15, 2019

နိုင်ငံ့ခေါင်းဆောင်များ တရားစွဲခံရမှု၊ လူ့အခွင့်အရေးနဲ့ အချုပ်အချာ ( စကားဝိုင်း )

DVB
2019-11-14

နိုင်ငံ့ခေါင်းဆောင်များ တရားစွဲခံရမှု၊ လူ့အခွင့်အရေးနဲ့ အချုပ်အချာ
#သုံးသပ်ချက် #အယ်ဒီတာစကားဝိုင်း #EditorialTalk #Live

- ဦးတင်မောင်သန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)
- ဒေါ်ချယ်ရီဇာဟောင်း (လူ့အခွင့်ရေးတက်ကြွလူပ်ရှားသူ)
- တိုးဇော်လတ် (ဒီဗွီဘီ) လင့်၊https://www.facebook.com/DVBTVNews/videos/618820355321284/

Wednesday, May 29, 2019

ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် တပ်မတော် စစ်ရာဇ ၀တ်မှုကျူးလွန်ဟု အေအိုင်အဖွဲ့ စွပ်စွဲ

DVB
By DVB
29 May 2019
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်ဆိုတဲ့ သက်သေအထောက်အထား အသစ်တွေ ရရှိထားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်သားခွင့်အဖွဲ့ (အေအိုင်)က အစီရင်ခံစာ သစ်ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။

၂၀၁၉ ဇန်နဝါရီလကစပြီး မြန်မာစစ်တပ်ဟာ လက်လွတ်စပယ် တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေသေ ဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအိုင်ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်ထဲမှာ အသေးစိတ် ရေး သားထားပါတယ်။

Monday, May 20, 2019

သပ်လျှိုသွေးခွဲသူများက နိုင်ငံတော်ကြီး ပြိုကွဲပျက်စီး စေရန် ကြိုးစားနေဟု ကာချုပ်ပြော

DVB
By ဒီဗွီဘီ
20 May 2019

သပ်လျှိုသွေးခွဲသူတွေက အမိမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးစေဖို့အတွက် ခေတ်အဆက်ဆက် ကြိုး စားနေခဲ့ကြတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက် ပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေကြောင်းနဲ့ လေကြောင်း လူငယ်မောင်မယ်တွေနဲ့ ဂုဏ်ပြုတွေ့ဆုံ ပွဲမှာ ပြောသွားတာဖြစ်ပြီး နိုင်ငံပျက်စီး ပြိုကွဲဖို့ လှုံ့ဆော်သွေးထိုးသူတွေရဲ့ အယုံ သွင်းမခံရစေဖို့ အထူး ဂရုပြုနေထိုင်ကြဖို့လည်း လူငယ်တွေကို ပြောသွားပါတယ်။

Tuesday, May 14, 2019

ဖမ်းဆီးခံ ကျောက်​တန်း​ရွာသားများ အားလုံးကို တပ်မတော် ပြန်​လွှတ်ပေး

DVB
By ဒီဗွီဘီ
13 May 2019

ရခိုင်​ပြည်​နယ်​၊ ရ​သေ့​တောင်​မြို့နယ်​၊​ ကျောက်​တန်း​ကျေးရွာ စာသင်ကျောင်းမှာ တပ်မတော်က ဖမ်းဆီး စစ်​​ဆေး​နေသူတွေထဲက လက်ကျန်ရွာသား ၂၂ ဦးစလုံးကို ​မေလ ၁၃ ရက် ​နေလည်​ပိုင်းမှာ ပြန်လွှတ်​​ပေး လိုက်​ပြီလို့ တပ်​မ​တော်​သတင်းမှန်​ပြန်​ကြား​ရေး ဗိုလ်​မှူးချုပ် ဇော်​မင်းထွန်းက ပြောပါတယ်​။

Saturday, May 4, 2019

တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှုမရှိ စေရေး ဂရုပြုကြရန် နှစ်ဖက်တပ်များကို ကော်မရှင် တိုက်တွန်း

DVB
By ဒီဗွီဘီ
4 May 2019



တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာ မရှိစေဖို့ နှစ်ဖက်တပ်တွေ ဂရုပြုကြဖို့ အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခေတ္တ ထိန်းသိမ်းစစ် ဆေးနေတဲ့ အမျိုးသားတွေထဲက ၆ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရ၊ ၄ ယောက် ပျောက်ဆုံးနေ တာကို သိရတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

Sunday, April 28, 2019

ဖမ်းထားသည့် လမ်းလုပ်သားများကို ပြန်လွှတ်မည့် အချိန် မပြောနိုင်သေးဟု အေအေပြော

DVB
By ပြည့်ဘုန်းအောင်
28 April 2019
အေအေအဖွဲ့မှ လမ်းလုပ်သားဝန်ထမ်းတွေကို ဖမ်းဆီးသွားသည့်နေရာ

ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ကနေ စစ်ထောက်လှမ်းရေးဆိုပြီး ဖမ်းဆီးထားတဲ့ လမ်းလုပ်သားဝန် ထမ်း တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆောင်ရွက်နေပြီး လွှတ်မယ့် အချိန်ကိုတော့ အတိအကျ မပြောနိုင်သေး ဘူးလို့ အေအေအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝလမ်းဖောက်လုပ်နေတဲ့ ဆုထူးစံကုမ္ပဏီက လမ်းလုပ်သား ၈ ဦးနဲ့ တခြား ၀န်ထမ်း ၄ ဦး စုစုပေါင်း ၁၂ ဦးကို စစ်ထောက်လှမ်းရေးဆိုပြီး အေအေဖွဲ့က ဖမ်းဆီးထားတာ ၁ လကျော် ကြာမြင့်နေ ပါပြီ။

Sunday, April 21, 2019

ဒေါ်အောင်ဆန်းစုကြည် ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ် တက်ရန် တရုတ်နိုင်ငံ သွားမည်

DVB
By ဒီဗွီဘီ
21 April 2019


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ဖို့ တရုတ်နိုင်ငံကို မကြာခင် သွားရောက် မယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ကျောက်တော်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၂ ဦး ဖမ်းဆီးခံရ

DVB
By ဒီဗွီဘီ
21 April 2019
ရခိုင်ပြည်နယ် ကျောက်တော်​မြို့မှာ ညမထွက်ရအမိန့် ၁၄၄ အား ကျူးလွန်​​ဖောက်​ဖျက်​တဲ့ အမျိုးသား ၂ ဦး ကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ကျောက်တော်မြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဧပြီ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ သူတို့ကို အပြင်မှာတွေ့လို့ ပုဒ်မ ၁၄၄ ကို ကျူးလွန်​ဖောက် ဖျက်တဲ့အတွက်​ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုကာ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားပါတယ်​” လို့​ ပြောပါ တယ်​။


Sunday, March 31, 2019

ကျောက်တော်တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲ ဖြစ်ပွား

DVB
By ဒီဗွီဘီ
31 March 2019


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအနီးနဲ့ ဖားဝပ်ချောင်းတောင်နား တဝိုက်မှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြော ပါတယ်။

Saturday, March 30, 2019

မြောက်ဦးမြို့ အောက်သကန်ကျေးရွာအနီးတွင် တပ်မ တော်စစ်ကြောင်းကို AA အဖွဲ့က ပစ်ခတ်ဟု တပ်မ တော် ထုတ်ပြန်

မဇ္ဈိမ သတင်းဌာန
30 March 2019



ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 ရန်ကုန်၊ မတ် ၃၀ ။          ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာနှင့် အနီးပတ်ဝန်း ကျင် တဝိုက်တွင် တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းလုံခြုံရေးတပ် ဖွဲ့ ဝင် များကို မတ်လ ၂၉ရက် နံနက်ပိုင်း၌ AA အဖွဲ့မှ ၁၀ ဦးခန့်က မိုင်းဖောက်ခွဲ၍ ရွာအတွင်းမှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ် ပြန်ခဲ့သည်။

လူ့အခွင့်ရေးချိုးဖောက်ခံရမှုများရှိနေသည့် ရခိုင်ပြည် နယ် တွင် လူ့အခွင့်ရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ်မည်

မဇ္ဈိမ သတင်းဌာန
By ကျော့ကေခိုင်
30 March 2019
 ရန်ကုန်၊မတ် ၃၀ ။     ။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်၏ တတိယမြောက်ရုံးခွဲကို လူ့အ ခွင့် ရေးချိုးဖောက်ခံရမှုများ ရှိနေသည့် ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူ့အခွင့်ရေး ကော်မ ရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင် က ပြောသည်။

Tuesday, March 26, 2019

မင်းပြားမြို့မှ ပြန်လာသည့် စက်လှေကို လုံခြုံရေးတပ် ဖွဲ့က ပစ်ခတ်၍ ၁ ဦးဒဏ်ရာရ

DVB
By ဒီဗွီဘီ
26 March 2019

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကနေ ဈေးဝယ်ပြီး ပြန်လာတဲ့ ကုလားမတောင်ကျေးရွာက စက်လှေငယ်တစီးကို တပ်မတော်နဲ့ ရဲပူးပေါင်း တပ်ဖွဲ့က ပစ်ခတ်လိုက်တာကြောင့် စက်လှေမောင်းသူ ကျည်ထိမှန်ဒဏ် ရာရ သွား တယ်လို့ ကာယကံရှင်က ပြောပါတယ်။

Monday, March 25, 2019

ရေတာရှည်​မြို့နယ်​တွင် တရားမ၀င်​ ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိ

DVB
By ဒီဗွီဘီ
25 March 2019
ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူခရိုင်​ ​ရေတာရှည်​မြို့နယ်​ ဂုံမင်းကွင်း​ကျေးရွာအုပ်​စု သာဂရ-ကိုးပင်​လမ်း၊ ၆ မိုင်​ သစ်​​တောစစ်​​ဆေး​ရေးဂိတ်​မှာ တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မတ် ၂၄ ရက်နေ့ နေ့လယ်က ပဲခူးတိုင်း​ဒေသကြီးသစ်​​တောဦးစီးဌာနမှ ဦးစီးအရာရှိနဲ့ သစ်​​တောဝန်​ထမ်းများ၊​ ရေတာရှည်​သစ်ေ​တာဦးစီးဌာနမှ ဦးစီးအရာရှိနဲ့ သစ်​​တောဝန်​ထမ်းတွေဟာ သာဂရ-ကိုးပင်လမ်း​မှာ တရားမ ဝင်​သစ်​တွေ ဖမ်းဆီးနိုင်​​ရေးရေး နယ်​​မြေရှင်းလင်းရာကနေ မ​ကွေးတိုင်း​ဒေသကြီးဘက်​က ​မောင်းနှင်​လာ​တဲ့ 9C/8257 GRANVIA ​ ​မော်​​တော်​ယာဉ်​ကို ရပ်​တန့်​ရှာ​ဖွေရာက ဖမ်းဆီးမိခဲ့တာပါ။

Sunday, March 24, 2019

ရခိုင်ပြည်နယ် မြို့၊ ကျေးရွာများတွင် အေအေအဖွဲ့ကို လက်မခံရန် တပ်မတော် သတင်းထုတ်

DVB
By ဒီဗွီဘီ
23 March 2019


ရခိုင်ပြည်နယ်အတွင်း မြို့၊ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ အေအေအဖွဲ့ကို လက်မခံဖို့နဲ့ ရွာထဲဝင်လာပါက အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို သတင်းပေးပို့ဖို့ တပ်မတော်က မတ်လ ၂၂ ရက်နေ့မှာ သတင်းထုတ် ပြန် လိုက်ပါတယ်။

Tuesday, March 19, 2019

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို ထောင်ဒဏ် ၂၂ နှစ်စီချမှတ်

DVB
By ဒီဗွီဘီ
19 March 2019


နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေ ဟင်အောင်တို့တို ဒီကနေ့ မတ်လ ၁၉ ရက်မနက်မှာ စစ်တွေခရိုင်တရားက ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ် လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */