VOA
ဗွီအိုအေမြန်မာပိုင်း
ကိုဇော်ဝင်းလှိုင်
12 ဇူလိုင်၊ 2021
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းက လူနည်းစု မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို သူတို့ခေါ်ဆိုတဲ့ ရိုဟင် ဂျာအမည်အတိုင်း တရားဝင်သုံးနှုန်းပြီး သူတို့နဲ့ လက်တွဲ လုပ်ဆောင်ဖို့ အတိုက်အခံ လွှတ်တော်အမတ်တွေ ဖွဲ့စည်းထားတဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရက ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရတာအပြင် ဖိနှိပ်ခံဘဝအဖြစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကေ တာ့ NUG ဘက်က အခုလို ပြောင်းလဲ အသိအမှတ်ပြုလာတဲ့အပေါ် အပြည့်အ၀ မယုံကြည်နိုင်ကြသေးပါဘူး။ လက်ရှိ နိုင်ငံ ရေးအပြောင်းအလဲတွေ အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အမြင်သဘောထားတွေအကြောင်း AFP ရဲ့သတင်း ဆောင်းပါးကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။