" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အပစ်ရပ်ရေး. Show all posts
Showing posts with label အပစ်ရပ်ရေး. Show all posts

Thursday, November 30, 2023

အစ္စရေး-ဟားမတ်စ်အပစ်ရပ်ရေး ၇ ရက်မြောက်သဘော တူခဲ့

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၁ ဒီဇင်ဘာ၊ ၂၀၂၃ 

ဂါဇာကမ်းမြောင်ဒေသကနေ ပြန်လွတ်လာတဲ့ ဓားစာခံတဦး နိုဝင်ဘာ ၃၀ ရက်မှာ မိသားစုနဲ့ အစ္စရေးနိုင်ငံတွင်း ပြန်လည်တွေ့ဆုံစဥ်။

ဟားမတ်စ်တို့ဖမ်းထားတဲ့ဓါးစာခံတွေထဲ အစ္စရေးအမျိုးသမီးနှစ်ဦး ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လွတ်လာပြီး နောက်ထပ် ဓါးစားခံ ၆ ဦးလည်း လွတ်လာတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ လက်ရှိ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးယူထားတဲ့ရက်အတွင်း ဟားမတ်စ်တို့က တရက်ကို အစ္စရေး နိုင်ငံသား ၁၀ ဦးထက်မနည်း ပြန်လွှတ်ပေးနေတာပါ။

Tuesday, November 21, 2023

ဂါဇာ၌ အပစ်ရပ်ရေး ပေကျင်းရောက် အာရပ်ဝန်ကြီးများ တောင်းဆို

DVB
November 21, 2023


ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ခွင့်ပြုရေးနဲ့ ရန် လိုမှုတွေ အဆုံးသတ်ရေး တွန်းအားပေးဖို့ ခရီးစဉ်ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို ရောက်လာတဲ့ အာရပ်နဲ့ မွတ်စလင်ဝန်ကြီးတွေက ဂါဇာမှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ နိုဝင်ဘာ ၂၀ ရက် မှာ တောင်းဆိုလိုက်ပါတယ်။

Wednesday, July 1, 2020

ချက်ချင်းအပစ်ရပ်ဖို့ တပ်မတော်ကို ကုလသမဂ္ဂ လူ့အခွင့် အရေး မဟာမင်းကြီးတိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
နန္ဒာချမ်း
2020-06-30
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ၄၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ တွေ့ရတဲ့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲ ဘတ်ရှလတ် (Michelle Bachelet)။
Photo: UN web TV

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ အတိဒုက္ခရောက်နေကြသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက် ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေလည်း နေရပ်မပြန်နိုင်ဘဲ ဖြစ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစိုးရက ကြိုး ပမ်းနေပါတယ်လို့တုံ့ပြန်ခဲ့တာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */