" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တရားခံပြေး. Show all posts
Showing posts with label တရားခံပြေး. Show all posts

Monday, July 8, 2019

AA ခေါင်းဆောင် ၄ ဦးကို တရားခံပြေးအဖြစ် သတ် မှတ်ထား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-08

တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို တွေ့ရစဉ်
Photo: RFA
ရက္ခိုင့်တပ်တော် AA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို ရဲတပ် ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျတ်ရေးဥပဒေနဲ့ တရားစွဲဆိုထားပြီး တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Monday, June 10, 2019

တရားခံပြေး မိုက်ကယ်ကျော်မြင့်ကိုဝမ်းတွင်းမှာဖမ်း မိ

မဇ္ဈိမ
10 June 2019

 ဧပြီ ၇ ရက်က ပြုလုပ်ခဲ့သည့် ၂၀၁၈ ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွုတွင် မိုက်ကယ်ကျော်မြင့်အား တွေ့ရစဉ်။ ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၁၀ ။          ။ တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြပြီး ဆူပူမှုဖြစ်စေရန် ရည် ရွယ် လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ အမှုဖွင့်ခံထားရသော မိုက်ကယ်ကျော်မြင့်ကို မန္တလေးတိုင်းဒေ သကြီး ဝမ်း တွင်းမြို့၌  ဇွန်လ ၁ဝရက်နေ့၌ ဖမ်းဆီးရမိခဲ့သည်ဟု ဝမ်းတွင်းမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

Thursday, June 6, 2019

မိုက်ကယ်ကျော်မြင့်နှင့်အတူ တရားခံပြေး ကြေညာခံ ထားရသူ တစ်ဦး လာရောက် အဖမ်းခံ

မြန်မာတိုင်းမ်
06 Jun 2019
မြန်မာတိုင်းမ်နေ့စဉ်
                                                         ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆူပူလှုံ့ဆော်မှုဖြင့် မိုက်ကယ်ကျော်မြင့်နှင့်အတူ တရားခံပြေးအဖြစ် ကြေညာခံ ထား ရသည့် သီဟ(ခ)သီဟမျိုးနိုင်က ဇွန် ၆ရက်နေ့နံနက်ပိုင်းတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ပြီး ၎င်းကို အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */