" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်မြောက်ပိုင်း. Show all posts
Showing posts with label ရခိုင်မြောက်ပိုင်း. Show all posts

Monday, November 20, 2023

စစ်ကောင်စီတပ်နှင့်အေအေတိုက်ပွဲကြောင့် ရခိုင်မြောက်ပိုင်း နှင့် ချင်းတွင် စစ်ရှောင် ၂၆,၀၀၀ ကျော်တိုး

DVB
November 20, 2023

စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် ရခိုင် ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ အသစ်ထပ်တိုးလာတဲ့ နေရပ် စွန့်ခွာ စစ် ပြေးဒုက္ခသည် ၂၆,၀၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင် ရာ ညှိနှိုင်းရေး ရုံး (UNOCHA Myanmar) က ပြောပါတယ်။

Monday, November 13, 2023

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်

RFA
RFA Burmese
2023.11.12
 

ရက္ခိုင့်တပ်တော် တိုက်ခိုက်ခဲ့သည့် ချိန်ခါလီ နယ်ခြားစောင့်ရဲစခန်းအား တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ရက္ခိုင့် တပ်တော် (AA) က စစ်ကောင်စီ နယ်ခြားစောင့်ရဲစခန်းနဲ့ ယာဉ်တန်းတွေကို စတင်တိုက်ခိုက်ခဲ့ရာက နေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

Tuesday, August 15, 2023

ရခိုင်မြောက်ပိုင်းမှာ အာဆာအဖွဲ့လှုပ်ရှားမှုတွေ ရှိလာတာ ကြောင့် ဒေသခံတွေ စိုးရိမ်

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.08.15

အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook


ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဒီလပိုင်းတွေအတွင်း အာရ်ကန် ရိုဟင်ဂျာကယ်တင် ရေး တပ်မတော် (ARSA) အဖွဲ့ဝင်တွေ အဝင်အထွက်တွေများလာလို့ တိုက်ပွဲတွေ ပြင်းထန်လာမှာနဲ့ ဖမ်းဆီးသတ် ဖြတ်ခံရမှာကို စိုးရိမ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ARSA စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ လက်နက်ကိုင် အယောက်၂၀ လောက်ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ် မြောက်ပိုင်း လောင်းဒုံရွာအနီးမှာ အခုလ ၁၂ ရက်နေ့က အိမ်စီးကားတစ်စီးကို မီးရှို့ခဲ့ပြီး ကားပေါ်ပါလာသူ နှစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

Saturday, May 14, 2022

ကိုကိုကြီး ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်သို့ ပေးစာ ( ၂၀၁၂ )

ကျောက်နီမော်ဒေသအကြောင်းနဲ့ရခိုင်မွတ်ဆလင်မ်တွေရဲ့သမိုင်းတွေသိချင်ရင်

 ဦးလှဝင်း ( မင်းညိုငယ် - သံတွဲ) B.A(Hist), H.G.P., R.L.I, C.B.D.S

တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း အမျိုးသားညီညွတ်ရေး ကွန်ဂရက် (၁၉၉၀) 

 ရေးတဲ့ ၈၈ မျိုးဆက် ကိုကိုကြီးသို့ ပေးစာကို ဖတ်ပါ။ဒီပေးစာက ၂၀၁၂ ခုနှစ်က ပေးစာပါ။မည်သူမဆို ထပ်ဆင့် သိလိုတာရှိရင် comment မှာ မေးနိုင်ပါတယ်။ကျုပ်တို့ ကျောက်နီမော်ဒေသခံတွေ ဖြေကြားပေးမှာပါ။ပေးစာထဲ မှာပါတဲ့ ကျောက်ထရံရွာက ဗလီချေ ပုံကို ဖော်ပြလိုက်ပါတယ်။

Wednesday, January 29, 2020

ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အစီရင်ခံစာများကို သံသယ ရှိသည်

ဧရာဝတီ
By Bertil Lintner
29 January 2020
၂၀၁၉ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးရသည့် ၂ နှစ်ပြည့် အထိမ်းအမှတ် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ / Reuters

တကမ္ဘာလုံး အတိုင်းအတာဖြင့် မီဒီယာတွင် ထပ်တလဲလဲပြောဆိုမှုများနှင့် ဒုက္ခသည်များကိုယ်စား စည်းရုံး လှုံ့ဆော်မှုများအရ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကြား ဖြတ်အစီအမံများဆောင်ရွက်ရန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း က အံ့အားသင့်စရာ ဖြစ် မလာခဲ့ပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */